Angel

3.1K 297 39
                                    

(Zawgyi)

Jimin တစ်ယောက် ထုံးစံအတိုင်း Taehyung အခန်းကိုရှင်းပေးဖို့ဝင်လာခဲ့တယ်...။ Taehyung က ဘယ်တော့မှ သူ့အခန်းသူမရှင်းတတ်...၊၊ Arjuma ကတော့ အိမ်အလုပ်တွေပြီးရင် ရှင်းပေးသော်လည်း အိမ်မှာဘာအလုပ်မှ လုပ်စရာမရှိတဲ့သူကပဲ Arjuma ကိုသနားတာကြောင့် ဝိုင်းကူပေးမိတာပါ...။

ကိုယ်အခန်းကိုလည်း သေချာရှင်းပြီးတော့ လျှော်စရာအဝတ်တွေကို ခြင်းတစ်ခြင်းထဲသေချာထည့်ပေးထားတာကြောင့် Arjuma သက်သာတာပေါ့...။ ဒါကြောင့် Taehyung အခန်းကိုလည်း အဲ့လိုပဲဝိုင်းကူရှင်းပေးလိုက်တာပဲ...။ သိပ်မပင်ပန်းတာကြောင့်လားမသိ Yoongi ကလည်း ဘာမှမပြောဘူးကို...၊၊

အချိန်ပြည့်လိုလိုမုန့်စားတတ်တဲ့ Taehyung ရဲ့အခန်းထဲမှာ မုန့်ခွံတွေရော အမှိုက်တွေရော ပြန့်ကျဲနေတာပါပဲ...။ Jimin လည်း အခန်းထောင့်က အမှိုက်ခြင်းကိုယူကာ တစ်ခုချင်းစီလိုက်ကောက်ထည့်နေရတယ်....၊၊ အဝတ်တွေဆိုတာလည်း တန်းပေါ်မှာဖရိုဖရဲနဲ့ ပစ်တင်ထားတတ်သေးတာ...။ တချို့ဆိုခြေသုတ်ဝတ်လို ကြမ်းပြင်မှာချထားတတ်သေးတယ်...၊၊

ဒါတောင် နေ့တိုင်းဝင်ရှင်းပေးနေလို့သာပဲ...။ အဝတ်ကို အပြင်တစ်ခါသွားတာနဲ့ တစ်ခါလဲနေတာထင်တယ်...၊၊ ချွေးနံ့တောင်မစွဲတဲ့သူ့အဝတ်တွေက အကောင်းအတိုင်းသာ...။

ခုလိုလိုက်ရှင်းပေးနေရလို့လည်း Jimin စိတ်ထဲမှာ မငြိုငြင်မိတာတော့အမှန်ပါ...။ Taehyung ကို မြင်မြင်ချင်းကတော့ Yoongi နဲ့ အထင်လွဲမိပေမယ့် နောက်ပိုင်းခင်သွားတော့ တကယ့်ညီအစ်ကိုအရင်းလို ခံစားမိလာတယ်လေ...။ ကိုယ့်မှာလည်း မွေးချင်းညီအစ်ကိုမောင်နှမ မရှိတာပဲကို...။

Taehyung က သူ့အစ်ကိုလိုပင် စိတ်မြန်လက်မြန်ရှိလှသလို အပြောလေးနည်းနည်းဆိုးပေမယ့် Jimin သူ့ကိုချစ်ပါတယ်...၊၊ ဒါကလည်း သူ့ရဲ့ဖြူစင်ပြီး ဟန်မဆောင်တတ်တဲ့စိတ်ထားလေးကြောင့်လည်း ပါတာပေါ့လေ...။

အမှိုက်ရှင်းပြီးပြီမို့ အဝတ်တွေကိုတစ်ထည်ချင်းကောက်ယူစဉ် မျက်လုံးထဲရင်းနှီးနေတဲ့ ရှပ်အင်္ကျီတစ်ထည်ကြောင့် Jimin ဇဝေဇဝါဖြစ်သွားရတယ်...။ အလန်းဒီဇိုင်းတွေပဲဝတ်တဲ့ Taehyung ဆီမှာ ခုလိုခပ်ရိုးရိုးအင်္ကျီတော့ ရှိလောက်မယ်မထင်...။ ပြီးတော့အင်္ကျီက ဈေးမှသိပ်မကြီးတာ...။ Taehyung ဝတ်သမျှက Brand တွေချည်းပဲကို...။

Love & Hate Relationship (Completed) Tempat cerita menjadi hidup. Temukan sekarang