Power of Love

3.1K 321 40
                                    

(Zawgyi)

မနက်ခင်းနေရောင်ခြည်နွေးနွေးလေးက ပြတင်းပေါက်ကနေတဆင့် အိပ်ယာပေါ်သို့ ဖြာကျလာခဲ့တယ်...။

စူးအောင့်ထုံကျင်နေတဲ့ လက်မောင်းတစ်ဖက်ကြောင့် Jungkook နိုးလာခဲ့ပေမယ့် ခုထိသူ့လက်မောင်းပေါ်ခေါင်းအုံးကာ အိပ်ပျော်နေဆဲ Taehyung နိုးသွားမှာစိုးတာကြောင့် အသာလေးငြိမ်နေလိုက်တယ်...။

မျက်တောင်လေးတွေကလည်း အရှည်ကြီးပဲ...။ အပြစ်ကင်းစင်စွာအိပ်ပျော်နေတာလေးက တစိမ့်စိမ့်ကြည့်လေ ပိုပြီးချစ်ဖို့ကောင်းလေပါပဲ...။ သူကလည်းကိုယ့်ကို ချစ်နေတယ်ဆိုတဲ့အသိက Jungkook ရင်ကိုနွေးထွေးစေတယ်လေ...။ ခုကျမှတော့ ကလဲ့စားချေဖို့လည်း စိတ်ကူးမရှိတော့ပါ...။

"ဟင်း...!!!"

သက်ပြင်းဖွဖွချသံနဲ့အတူ Taehyung တစ်ယောက် လူးလွန့်ကာ နိုးထလာလေတယ်...။ သူ့ခေါင်းရွေ့လျားမှုကြောင့် Jungkook ရဲ့လက်မောင်းတစ်ဖက် နာကျင်သွားပါသော်လည်း အသာအံကြိတ်တာနေနေလိုက်တယ်...။ တော်ကြာ သူစိတ်မကောင်းဖြစ်သွားဦးမယ်...၊၊

"နိုးနေတာကြာပြီလား Jeon...?? အာာ.. ငါကမင်းလက်မောင်းပေါ် တစ်ညလုံးဖိအိပ်ထားတာပဲ... အရမ်းနာနေမှာပေါ့"

ပြောပြောဆိုဆိုနဲ့ ခေါင်းလေးအသာကြွရင်း ကိုယ်ကိုမှောက်ခုံလေးလုပ်ကာ ပက်လက်အိပ်နေတဲ့ Jungkook ရဲ့ရင်ဘက်ပေါ် မေးလာတင်လေတယ်...။ ညကငိုထားတဲ့အရှိန်ကြောင့် မျက်လုံးလေးမို့အစ်နေတာလေးကပဲ တမျိုးလေးချစ်စရာကောင်းနေပြန်သလိုပင်...။

"ချစ်ဖို့ကောင်းလိုက်တာ"

Jungkook မနေနိုင်ဘဲပါးစပ်ကနေပါ ထုတ်ဖော်ချီးကျူးလိုက်ရင်း Taehyung ရဲ့ဆံပင်တွေကို လက်နဲ့ထိုးဖွပေးနေမိတယ်...။ ထိုအခါ Taehyung ရဲ့ကိုယ်လေး အတန်ငယ်ကြွလာပြီး Jungkook ရဲ့နှုတ်ခမ်းတွေကို လာရောက်နမ်းရှိုက်လေတယ်...။

"Morning kiss ပေးတာ"

Jungkook လည်း သူ့ရင်ဘက်ပေါ်ခေါင်းမှီအိပ်နေတဲ့ Taehyung ကို ခပ်တင်းတင်းလေး ပွေ့ဖက်ထားလိုက်တယ်...။ သူနဲ့အတူတူ မနက်ခင်းတစ်ခုကို စတင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှထင်မထားမိတာ အမှန်ပါပင်...။

Love & Hate Relationship (Completed) Where stories live. Discover now