Secret Love

3.1K 330 54
                                    

(Zawgyi)

ငွေသည် အရာအားလုံးကို စေစားနိုင်ပါသလား...??
လူ့အကျင့်သိက္ခာတွေ စိတ်ကူးအိပ်မက်တွေကိုတောင် ပြောင်းလဲပစ်နိုင်သလို လူတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုရော ပြောင်းလဲနိုင်ပါသလား...??

ဟုတ်တယ်... တကယ်ပဲပြောင်းလဲနိုင်တယ်...။
အရင်က ကိုယ့်တစ်ယောက်တည်းကိုပဲချစ်တာလို့ ပြောခဲ့ဖူးတဲ့ကိုယ့်ချစ်သူက ငွေကြောင့်ပဲ သူဌေးတစ်ယောက်နဲ့ လက်ထပ်သွားခဲ့တယ်...။ ထိုသူကိုပါ ပြောင်းလဲချစ်သွားခဲ့တာကရော ငွေကြောင့်ပဲလား...??

ဒီလိုအဖြစ်မျိုးတွေကြုံတွေ့ခဲ့ရတဲ့ Jungkook ကတော့ ခုထက်ထိသူ့ရင်ခွင်ထဲမှာရှိနေတဲ့ကောင်လေးကို မယုံကြည်ရဲသေးပါ...။ သူကိုယ့်ကို ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော တစ်ချိန်ကျရင်ထားသွားမှာလား...??

ငယ်ငယ်တည်းက ရွှေပုံပေါ်မှာကြီးပြင်းလာတဲ့သူက ခုလိုဆင်းရဲကြပ်တည်းတဲ့ဘဝမှာရော ဘယ်လောက်ကြာကြာနေနိုင်မှာလဲ...?? သူကိုယ့်ကိုရွေးချယ်ခဲ့တာကရော ကိုယ့်အဖြစ်ကိုစာနာသနားလို့လား...??

အတွေးပေါင်းစုံနှိပ်စက်မှုကြောင့် Jungkook ကောင်းကောင်းအိပ်မပျော်နိုင်ပါ...။ ဘေးမှာကွေးကွေးလေး အိပ်ပျော်နေတဲ့ လက်ရှိချစ်သူလေးကိုကြည့်ရင်း သက်ပြင်းချမိတော့ မှေးမှိတ်ထားတဲ့သူ့မျက်ဝန်းတွေ ပွင့်လာခဲ့လေတယ်...။

"Jeon အိပ်မပျော်ဘူးလားဟင်...??"

သက်တောင့်သက်သာသိပ်မရှိလှတဲ့ ကျဉ်းကျဉ်းကြပ်ကြပ်မွေ့ယာပါးလေးပေါ်မှာ အိပ်စက်နေရတာကြောင့် Taehyung လည်း ကောင်းကောင်းအိပ်မပျော်ပါ...။ ဒါကြောင့်လည်း Jungkook ရဲ့သက်ပြင်းချသံကို သေချာကြားလိုက်ရတာပေါ့...။

"ဒီလိုပါပဲ Tae ရာ.. ကိုယ်တို့ရှေ့ရေးကိုတွေးနေတာ"

"ဘာမှပူမနေပါနဲ့... Tae လည်း အလုပ်လုပ်မှာပေါ့... ဘွဲ့လက်မှတ်တွေ စာရွက်စာတမ်းတွေက Omma ဆီ ကျန်ခဲ့တာဆိုတော့ ပြန်မယူချင်ပေမဲ့လည်း အချိန်ပိုင်းအလုပ်တော့ လုပ်နိုင်ပါသေးတယ်"

တွေးတွေးဆဆလေးပြောတဲ့ Taehyung ကို Jungkook ငေးကြည့်နေရင်းနဲ့ သူ့ဆံပင်ပျော့ပျော့လေးတွေကို သပ်တင်ပေးလိုက်တယ်...။

Love & Hate Relationship (Completed) Where stories live. Discover now