Wonderful Life (Final)

5K 282 83
                                    

(Zawgyi)

အဖြူရောင်သတို့သားဝတ်စုံလေးနဲ့ သိပ်လှနေတဲ့ Taehyung ကိုကြည့်ပြီး Jimin ကြည်နူးနေမိတယ်...။ ချစ်ရသူနဲ့လက်ထပ်ရတာမို့ အရမ်းပျော်နေတဲ့ Taehyung ဟာ မျက်နှာပေါ်မှာလည်း အပြုံးတွေဝေဆာလို့ပေါ့...။

"Jimin ahh ငါအခု ကြည့်ရတာအဆင်ပြေရဲ့လား...??"

"ပြေတာထက်ပိုတာပေါ့... ငါ‌တွေ့ဖူးသမျှသတို့သားတွေထဲမှာ မင်းကအလှဆုံးပဲ Taehyungie"

"မင်းကတော့ သူငယ်ချင်းအချင်းချင်းမြှောက်နေပြန်ပြီ"

"သူငယ်ချင်းဖြစ်ရုံတင်မကဘူး... ငါက မင်းရဲ့ယောက်ဖပါနော်"

Jimin ရဲ့အပြောကြောင့် Taehyung တစ်ယောက် တဟားဟားရယ်နေပြန်တယ်...။ Jimin လည်း သူ့ရင်ဘက်မှာထိုးထားတဲ့ ပန်းလေးကို အတန်ငယ်ပြုပြင်ပေးလိုက်ရင်း သိပ်လှနေတဲ့ Taehyung ရဲ့မျက်နှာလေးကို ငေးမောကြည့်မိပြန်တယ်...။

"အခုလိုပျော်ရွှင်နေတဲ့ မင်းကိုမြင်ရတော့ ငါလက်ထပ်တုန်းကအချိန်တွေကို ပြန်သတိရမိတယ်... အဲ့တုန်းက ငါအခုလိုပျော်နေသင့်တာကို... အချိန်တွေကိုနှမျောမိတယ်"

"အခု မင်းပျော်ရွှင်နေရပြီမလား...?? မင်းကိုအရမ်းချစ်တဲ့ယောင်္ကျားရယ် အမြွာသားလေး၂ယောက်ရယ်နဲ့လေ... ဒါမှမဟုတ် Hyung ကိုပြောပြီး နောက်တစ်ခေါက်လက်ထပ်ပွဲလုပ်ရင်ရော...??"

"အဟား...နေပါစေတော့ကွာ... မင်းပြောသလိုပဲ ငါအခုပျော်နေရတာမို့ လက်ထပ်ပွဲထပ်လုပ်စရာမလိုတော့ပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် Min Yoongi က ငါ့ယောင်္ကျားပဲလေ"

"သိပါတယ် သိပါတယ်... မကြွားပါနဲ့"

၂ယောက်သားရယ်မောစကားပြောနေတုန်းမှာပင် အခန်းတံခါးခေါက်သံကြားရပြီး မရှေးမနှောင်းမှာ တံခါးကိုဖွင့်ဝင်လာတဲ့ လူ၂ယောက်...။ Min Jimin ရဲ့ချစ်ယောင်္ကျား Min Yoongi နှင့် Jeon Taehyung ရဲ့သတို့သားလောင်း Jeon Jungkook တို့ပင်...။

"ကိုယ့်ရဲ့ Tae က လှလိုက်တာ"

Jungkook ရဲ့အပြောကြောင့် Taehyung ရှက်သွေးဖြာကာ ခေါင်းလေးငုံ့သွားခဲ့တယ်...။ ဒါပေမဲ့ခဏပါပဲ... ချစ်ရသူရဲ့မျက်နှာကို ပြန်မော့ကြည့်လာပြန်တယ်လေ...။ Jungkook က Taehyung ထိုင်နေတဲ့နားကို တဖြည်းဖြည်းတိုးကပ်သွားတဲ့အခိုက် Yoongi သည်လည်း Jimin ရဲ့လက်လေးတစ်ဖက်ကို လှမ်းဆွဲကာ သူ့အနားကိုခေါ်လိုက်တယ်...။

Love & Hate Relationship (Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ