(Zawgyi)
မျက်နှာပေါ်မှခပ်နွေးနွေးအထိအတွေ့လေးကြောင့် Jimin မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်လုံးဖွင့်ကြည့်မိတယ်...။ ထိုအခါသူ့နားမှာအုပ်မိုးကြည့်နေတဲ့ Yoongi ရဲ့မျက်နှာချောချောကို တွေ့လိုက်ရတယ်...။
"နိုးပြီလား Bae...??"
"သူများအိပ်နေတာကို နှောက်ယှက်နေတယ်"
Jimin စိတ်ကောက်သလိုပြောလိုက်ရင်း တဖက်လှည့်လိုက်တော့ Yoongi က နောက်ကနေသိုင်းဖက်လာလေတယ်...။ တိတ်တိတ်လေးပြုံးနေမိတဲ့ မျက်နှာလေးကိုလည်း Yoongi မမြင်အောင်ဖွက်ထားရသေးတယ်...။
"ကိုယ်ဒီနေ့အလုပ်နားတယ်လေ... အဲဒါ Bae ဘယ်သွားချင်လဲ လိုက်ပို့်ပေးမလို့"
Jimin မျက်နှာလေးဝင်းလက်သွားကာ Yoongi ဘက်သို့ခေါင်းလေးပြန်လှည့်လာတယ်...။ တစ်ယောက်နဲ့တစ်ယောက်က အရမ်းနီးကပ်နေတဲ့အနေအထားမို့ ရင်တွေတောင်ခုန်လို့ပေါ့...။
"စနေ တနင်္ဂနွေလည်းမဟုတ်ပဲနဲ့ အလုပ်ပိတ်တယ်လား...??"
"ကိုယ်ကအလုပ်ရှင်လေ Bae ရဲ့...
ကိုယ်နားချင်တဲ့ရက် နားလို့ရတာပဲကို"Jimin နှုတ်ခမ်းလေးဆူကာ မျက်စောင်းထိုးပစ်လိုက်တယ်...။ အရင်ကတော့ တစ်ရက်တလေလောက် နားပါဦးလားပြောတာတောင်မှ ကိုယ့်အလုပ်ကိုယ် မလေးစားလို့မဖြစ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နားမှမနားတာ...။
"Bae နော်.. နှုတ်ခမ်းကြီးဆူမနေနဲ့... ကိုယ်မနက်စာစားရသေးတာမဟုတ်ဘူး... Bae ကိုပဲ စားပစ်လိုက်မှာ... ဘာမှတ်နေလဲ...?"
"နှာဘူးကြီး...!!!"
Jimin ဆီက ထောပနာပြုခြင်းခံရတာကြောင့် Yoongi တဟားဟားနဲ့အော်ရယ်မိပြန်တယ်...။ အိပ်ယာနိုးကာစမို့ ကြည်စင်နေတဲ့မျက်နှာလေးနဲ့ ချစ်ရသူလေးက အတင်းဆွဲဖက်မွပစ်ချင်စရာကောင်းအောင် ဆွဲဆောင်မှုရှိလွန်းလှတယ်လေ...။
"ထတော့ Bae... နေ့လည်စာကို အပြင်မှာပဲဝယ်စားကြမယ်"
ကြာရင်ကိုယ့်စိတ်အခြေအနေက ပြောင်းလဲသွားနိုင်တာမို့ အိပ်ယာထဲမှာရှိနေသေးတဲ့ ကလေးပေါက်ကိုပဲ ထခိုင်းရတော့တယ်...။ သူကလည်း အပြင်သွားရမှာမို့ထင်တယ် အတင်းကုန်းရုန်းထလာရှာပါတယ်...။ သူရေချိုးခန်းထဲကိုဝင်သွားတာနဲ့ Yoongi လည်း သူဝတ်ဖို့သင့်တော်မယ့် အဝတ်အစားတစ်စုံကို ထုတ်ပေးထားလိုက်တယ်...။
![](https://img.wattpad.com/cover/272331983-288-k777243.jpg)
ČTEŠ
Love & Hate Relationship (Completed)
Fanfikceချစ်ခြင်းနဲ့မုန်းခြင်းကြားမှာ အလွှာပါးပါးလေးတခုပဲခြားထားတယ်... အဲဒီ့အလွှာလေးကိုဖယ်ခွာနိုင်ရင် မင်းအရမ်းမုန်းနေတဲ့သူကိုလည်း ချစ်မိသွားလိမ့်ဆိုတာ အသေအချာပါပဲ... A Yoonmin & Taekook fanfiction