Beginning of Love

3.7K 320 40
                                    

(Zawgyi)

အခန်းပြတင်းပေါက်ကနေ သူ့ကားခြံထဲကထွက်သွားတာကို Jimin လှမ်းကြည့်မိပြန်တယ်...။ ကိုယ့်ရဲ့အပြင်သွားခွင့်ကတော့ ရက်အကန့်အသတ်မရှိ ပိတ်သွားခဲ့ပြီပဲ...။

တစ်ခါတလေတော့ သူနဲ့အဆင်ပြေပြေနေတော့မယ်လို့ ဆုံးဖြတ်လိုက်ပေမယ့်လည်း သူ့လုပ်ရပ်တွေက ခွင့်လွှတ်ချင်စရာမှမကောင်းတာ...။ ကိုယ့်အတွက်ဘာမှမစဉ်းစားပေး ငဲ့ညာမပေးတဲ့လူတစ်ယောက်ကို လက်ထပ်ထားမိတာ တကယ့်အမှားပင်...။

ဟိုတနေ့ကကိစ္စဖြစ်ပြီးကတည်းက ကိုယ်နဲ့သူရဲ့ဆက်ဆံရေးလည်း ခပ်တန်းတန်းဖြစ်သွားခဲ့တယ်...။ အရင်ကဆို သူ့ဘက်ကနေ အကြောင်းတစ်ခုခုရှာပြီး စကားလာပြောတတ်သေးတယ်...။ တကယ်လို့ စကားမပြောဖြစ်ရင်တောင် ညအိပ်ရင်ယောင်သလိုလိုနဲ့ ကိုယ့်ကိုလာဖက်အိပ်တတ်သေးတယ်လေ...။

အခုတော့ရည်းစားဟောင်းနဲ့ စကားလေးရပ်ပြောမိတာကိုပဲ ကိုယ့်ကိုမထိမကိုင်ချင်တော့သလိုလိုနဲ့ စကားလည်းအဖက်လုပ်ပြီး လာပြောမနေတော့ပေ...။ အိပ်ရင်တောင်ကျောခိုင်းပြီး တစ်ဖက်ခြမ်းမှာတိုးကပ်နေတတ်တဲ့သူက ကိုယ်နဲ့ထိတွေ့ရမှာတောင် ရွံရှာနေတာလားလို့ တွေးမိသေးတယ်...။

အမှန်ဆိုကိုယ့်ဘက်က အနေသာကြီးဆိုပေမယ့် သူလုပ်နေတဲ့ပုံက ကိုယ့်သိက္ခာကိုစော်ကားသလိုဖြစ်နေတော့ အတော်လေးတော့ခံပြင်းမိပြန်တယ်...။ ခုလည်းစကားသာမပြောတာ သူ့အလုပ်သမားတွေကို မှာထားပြီးသားလေ... ကိုယ့်ကိုအိမ်ပြင်မထွက်အောင် စောင့်ကြည့်ပေးဖို့...။

နေပေါ့... ထမင်းဘူးမပို့်ရတော့ ကိုယ်တောင်သက်သာသေးတာ...။ ထမင်းဟင်းချက်တာကလည်း ကိုယ့်အလုပ်မဟုတ်လေတော့... သူကလည်း ကိုယ်ချက်တာကို မစားဘူးဆိုတော့... ဘာမှကိုလုပ်စရာမရှိတော့တာ...။ တစ်ခါတလေတော့ ကိုယ်စားချင်တာလေး ကိုယ်လုပ်စားပစ်လိုက်တယ်...။ သူ့အတွက်တော့ တကူးတကလုပ်မနေတော့...။ တကယ်ပါ... နေတတ်ရင်ပျော်စရာကြီးဆိုတာ...။

အခုလည်း ကိုယ့်ဘာသာစိတ်ကူးပေါက်သလို သစ်သီးတွေကိုခွဲစိတ်ကာ ဆားအချိုလေးတွေနယ်ပြီးစားဖို့ ပြင်ဆင်နေမိတယ်...။ Arjuma ကတော့ ဘေးကနေကူပေးရမလားဆိုပြီး လှမ်းကြည့်နေသေးတယ်...။ မီးဖိုချောင်ကိစ္စက ကိုယ်နဲ့စိမ်းမနေတော့ လုပ်ရကိုင်ရတာအဆင်ပြေပါတယ်...။

Love & Hate Relationship (Completed) Where stories live. Discover now