Jealous

3.7K 313 10
                                    

(Zawgyi)

ကြီးမားခမ်းနားလွန်းတဲ့ 5 stars ဟိုတယ်ကြီး...။
Min Yoongi ရဲ့ပိုင်ဆိုင်မှုတွေထဲက တစ်ခုပေါ့...။ ထိုဟိုတယ်ထဲကို ထမင်းဘူးထည့်ထားတဲ့ လက်ဆွဲအိတ်လေးကိုင်ရင်း Jimin ဝင်လာခဲ့တယ်...၊၊

အရမ်းကြီးသားသားနားနားတွေ ဝတ်မထားသော်ငြားလည်း သူဌေးရဲ့ခင်ပွန်းဆိုတာ ဝန်ထမ်းတိုင်းသိနေတာကြောင့် ပျာပျာသလဲကြိုဆိုကြပြန်တယ်...၊၊ လာနှုတ်ဆက်သမျှကိုလည်း. Jimin ပြုံးကာပြန်နှုတ်ဆက်ရင်း Yoongi ရှိနေတဲ့ရုံးခန်းဆီသို့ တက်သွားလိုက်တယ်...၊၊

နေ့လည်စာထမင်းပို့ခွင့်ရထားတဲ့ Jimin အဖို့ တစ်နေ့တစ်နေ့ Yoongi ရှိနေတဲ့နေရာတွေကို ဒရိုင်ဘာရဲ့အကူအညီနဲ့ ရောက်လာရတယ်...၊၊ များပြားလှတဲ့လုပ်ငန်းတွေ ပိုင်ဆိုင်ထားတဲ့ Yoongi က နေ့တိုင်းမတူညီတဲ့နေရာတွေမှာ ရုံးထိုင်ရတယ်လေ...။ Jimin ကတော့ ဘာမှမသိ...။ ဒရိုင်ဘာအပို့အကြိုရှိတာကြောင့် ခေါ်သွားတဲ့အတိုင်း လိုက်လာရုံသာ...။

ပိတ်ထားတဲ့ရုံးခန်းတံခါးရှေ့မှာ Jimin ခဏလောက်ခြေစုံရပ်ပြီးမှ တံခါးခေါက်လိုက်တယ်...။ အမြဲလိုလိုအလုပ်များနေတဲ့သူက Jimin သာ နေ့လည်စာမပို့ရင် အချိန်မှန်စားမှာမဟုတ်ဘူးလေ...။ တစ်ခါတလေဆို နေ့လည်စာမစားတဲ့ရက်တွေရှိကြောင်း သူ့အတွင်းရေးမှူးဆီကနေ ပြန်ကြားပြီးပါပြီ...။

"ဝင်ခဲ့ပါ...!!!"

အထဲကနေခွင့်ပြုလိုက်တဲ့ အသံဩရှရှကြောင့် Jimin တံခါးကိုတွန်းဖွင့်ဝင်ခဲ့လိုက်တယ်...။ ဘယ်လောက်ပဲ ကိုယ်နဲ့လက်ထပ်ထားတဲ့ယောက်ျားဖြစ်ပါစေ စည်းကမ်းကြီးလွန်းတဲ့ သူ့အကျင့်ကြောင့် ဘယ်တော့မဆို Jimin ခွင့်တောင်းပြီးမှ အထဲဝင်တတ်တယ်...။

"ခဏထိုင်နှင့်ဦးနော် Bae...
ကိုယ်အလုပ်တွေလက်စသတ်ဦးမယ်"

Jimin လည်း သူပြောသလိုပင် ခုံမှာအသာဝင်ထိုင်နှင့်ရင်း ကွန်ပျူတာကိုအာရုံစူးစိုက်ကြည့်ကာ အလုပ်လုပ်နေတဲ့သူ့ကို လှမ်းငေးကြည့်နေမိတယ်...။ သူက သိပ်တော်တဲ့ယောကျာ်းတစ်ယောက်ဆိုတာ ဝန်ခံပါတယ်...။ သူ့အသက်အရွယ်နဲ့ လုပ်ငန်းကြီးတွေအများကြီးကို အောင်မြင်စွာထိန်းချုပ်နိုင်ထားတာကိုး...။

Love & Hate Relationship (Completed) Donde viven las historias. Descúbrelo ahora