Never Let You Go

3.7K 304 55
                                    

(Zawgyi)

Jungkook တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် Yoongi ရဲ့ဟိုတယ်ကိုဦးတည်ကာ ကားလေးကိုမောင်းသွားခဲ့တယ်...။ ဒီရက်ပိုင်းမှာ Taehyung နဲ့နေ့တိုင်းသွားတွေ့ပြီး သူ့သားလေးနဲ့ပါ ရင်းနှီးမှုယူဖို့ကြိုးစားခဲ့တယ်...။ Taehyung ဘက်က ဖော်ရွေပေမဲ့လည်း Steven ကတော့ ဖာသိဖာသာပဲနေတတ်တယ်လေ...။ Jungkook စကားသွားပြောလည်း ခေါင်းညိတ်ခေါင်းခါလောက်သာ ပြန်တုန့်ပြန်တတ်တယ်...။

နောက်ဆုံးမှာတော့ Taehyung ရဲ့ဆုံးဖြတ်ချက်အရ သူတို့သားအဖက Jungkook ရဲ့အိမ်မှာ လာနေဖို့ဖြစ်လာခဲ့တယ်...။ ကလေးနဲ့ပိုနီးနီးကပ်ကပ်နေပြီး ရင်းနှီးမှုရတော့မှ သူလည်း Taehyung နဲ့ တရားဝင်လက်ထပ်နိုင်မှာကိုး...။

ဒါကြောင့်လည်း Jungkook ချက်ချင်းပင် သူ့အိမ်မှာပြင်ဆင်မှုတွေ လုပ်ခဲ့ရတယ်...။ အရင်တည်းက Taehyung ပြန်ရောက်ခဲ့ရင်ဆိုတဲ့အတွေးနဲ့ သူ့ရဲ့အခန်းကို ၂ယောက်အိပ်မွေ့ယာအပြင် သူတို့ချစ်သူဘဝတုန်းက ရိုက်ခဲ့တဲ့ဓာတ်ပုံတွေကိုပါ ပုံကြီးချဲ့ပြီး အခန်းပတ်လည်မှာချိတ်ထားပြီးသားပါ...။ အခုကတော့ ကလေးပါ ပါလာပြီဆိုတော့လည်း ကလေးအတွက် အခန်းသက်သက်ပြင်ရပြီလေ...။

Steven က Yoongi ရဲ့သားတွေနဲ့ အသက်ချင်းမတိမ်းတယိမ်းဆိုတော့ သူတို့လေးတွေ ဆော့တတ်ကြိုက်တတ်တဲ့ ကစားစရာတွေ အသုံးအဆောင်အပြင်အဆင်တွေကို တစ်ရက်တည်းနဲ့အပြီး ပြင်ဆင်ခဲ့ရလို့ Jungkook တစ်ယောက် တော်တော်လေးပင်ပန်းသွားခဲ့တယ်...။ ဒါပေမဲ့လည်း ချစ်ရသူနဲ့အမြန်နီးစပ်ဖို့အရေး ပြန်တွေးကြည့်လိုက်တော့ ပင်ပန်းသမျှပြေပျောက်ရပြန်တယ်...။

ကိုယ့်အတွေးနဲ့ကိုယ် ကားလေးမောင်းလာရင်း ဟိုတယ်ရှေ့ရောက်တော့ ကားကိုအသာချိုးကွေ့ဝင်လိုက်တယ်...။ ကားပါကင်မှာပဲ ထိုင်စောင့်ဖို့အတွေးနဲ့ ချစ်ရသူဆီကို ရောက်ပြီဖြစ်ကြောင်းစာပို့လိုက်တော့ ဆင်းလာခဲ့မယ်တဲ့လေ...။

သိပ်တော့မကြာလိုက်ဘဲ ကိုယ့်ကားဆီလျှောက်လာတဲ့ ချစ်ရသူကိုတွေ့လိုက်ရတော့ Jungkook ရင်တွေခုန်လာခဲ့တယ်...။ ပိုပြီးထူးခြားတာက ချစ်သူဘေးမှာ အမြဲတတွဲတွဲပါတတ်တဲ့ သူ့ရဲ့သားလေးကို အခုတော့မတွေ့ရဘူးပဲ...။

Love & Hate Relationship (Completed) Where stories live. Discover now