Ending...??

3.8K 331 68
                                    

(Zawgyi)

"မင်းအစ်ကို ဆေးရုံကဆင်းတာတောင် မစောင့်တော့ဘူးလား...??"

ရုတ်တရတ်ကြီး US ပြန်ဖို့လုပ်နေတဲ့ Taehyung ကို Jimin ဖျောင့်ဖျဖို့ကြိုးစားနေတယ်...။ စိတ်ထင်လို့ပဲလားမသိ Taehyung ခုတလောသူ့ကို ရှောင်နေသလိုပင်...။ Jungkook နဲ့ လမ်းခွဲကာစမို့ စိတ်မကြည်လို့ပဲဖြစ်မှာပါလို့သာ Jimin ဖြည့်တွေးလိုက်ရတယ်...။

"Hyung က စိုးရိမ်စရာမှမရှိတာ... ပြီးတော့အိမ်တော်ထိန်းကြီးကလည်း စိတ်ချရတာပဲလေ.. ငါပြန်ဖို့ Hyung ဆီကနေခွင့်တောင်းပြီးပြီ... သူလည်းခွင့်ပြုတယ်"

အရင်ကတော့ဒီမှာပဲ တသက်လုံးနေတော့မလိုလိုနဲ့ Jungkook နဲ့တောင် လက်ထပ်လိုက်ပြီးမှ ရုတ်တရတ်စိတ်ပြောင်းသွားတဲ့ Taehyung ကို Jimin လည်း ဘယ်လိုမှနားမလည်တော့ပေ...။ သူ့အစ်ကိုကတောင် ခွင့်ပြုတယ်ဆိုမှတော့ ကိုယ်ကအနေသာကြီးလေ...။

"အင်းပါ... ဒါဆိုရင်လည်းဂရုစိုက်ပြန်နော်... ဟိုရောက်ပြီးရင် ငါ့ကိုလည်းဖုန်းဆက်ဦး.. ပြန်လာချင်ရင်လည်း အချိန်မရွေးပြန်လာခဲ့"

Taehyung ပြုံး၍သာနေလိုက်တယ်...။ Jimin ကို သူ့သူငယ်ချင်းတစ်ယောက်လို ညီအစ်ကိုတစ်ယောက်လို သဘောထားခဲ့ပါတယ်...။ ခုလိုဖောက်ပြားတဲ့လုပ်ရပ်တွေ လုပ်ခဲ့တာတောင်မှ မုန်းမသွားခဲ့ပါ...။

"ငါနဲ့ Min နဲ့လည်း ဘယ်တော့မှအဆင်ပြေမလဲမသိ"

ပြေဖို့မရှိတော့တဲ့အကြောင်းကို Taehyung ပြောမနေချင်တော့...။ သူတို့ဘာသာ ဖြေရှင်းကြပါစေ...။ ကိုယ်ကတော့ သတိရစိတ်ကိုဖြေဖျောက်ဖို့အတွက် အဝေးကိုထွက်သွားတော့မယ်...။ တစ်နယ်ထဲမှာရှိပြီး မတွေ့ရတာက ပိုနာကျင်ရတယ်မလား...။

"ငါ့ကိုလိုက်မပို့နဲ့... အိမ်မှာပဲနေခဲ့"

Taehyung အတင်းတားတာကြောင့် Jimin လည်း လိုက်ပို့ပေးချင်ပေမယ့် အိမ်မှာပဲနေခဲ့လိုက်ရတယ်...။ Taehyung က တကယ်ပဲ သံယောဇဉ်ပြတ်နိုင်တဲ့သူပဲလားဆိုတာ Jimin သေချာမသိပေမဲ့ ခုလိုကြီးကျတော့ စိတ်မကောင်းဖြစ်မိတာတော့အမှန်...။

"အမေရိကန်နိုင်ငံသို့ထွက်ခွာမယ့်ခရီးသည်များ နေရာယူပေးကြပါ"

Love & Hate Relationship (Completed) Where stories live. Discover now