Forgive & Accept

3.9K 314 105
                                    

(Zawgyi)

"Mr. Jeon အထဲဝင်လို့ရပါပြီ"

အတွင်းရေးမှူးလာသတင်းပေးတာကြောင့် Jungkook လည်း ထိုင်နေရာမှထရပ်ကာ ဝတ်ထားတဲ့အနောက်တိုင်းဝတ်စုံကို တစ်ချက်ဆွဲဆန့်လိုက်ပြီး ရုံးခန်းဆီသို့ခြေလှမ်းလှမ်းလိုက်တယ်...။

"ဟာာ လွဲသွားပြီကွာ"     
"အဲဒါကိုကို့ကြောင့်"

တံခါးပွင့်သွားတာနဲ့ သူ့ဆီတန်းတန်းမတ်မတ်ဝင်လာတာ ဘောလုံးတစ်လုံး...။ အရှိန်ဘယ်လောက်ပြင်းလဲဆို ထိမိတဲ့ဗိုက်တောင်အောင့်သွားသလိုပင်...။

"Yahhh ဒီကလေးတွေတော့...!!!
ဒါရုံးခန်းကွ... ကစားကွင်းမဟုတ်ဘူး"

"အဟင့် ဒယ်ဒယ်က သားတို့ကိုငြိုငြင်တာလား ပြော"

ခုထိစကားကမပီသေးပါပဲနဲ့ ချစ်ဖို့ကောင်းအောင်လုပ်တတ်တဲ့ သူဌေး Min Yoongi ရဲ့ သားအငယ်လေး...။ သားအကြီးဖြစ်သူကတော့ ဘောလုံးလေးကိုင်ရင်း မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့ ဘေးမှာရပ်နေတယ်လေ...။ ခုနကဗိုက်အောင့်သွားတဲ့ Jungkook တောင် သူတို့်လေးတွေကိုကြည့်ပြီး ဝေဒနာတွေပျောက်ကင်းသွားသလိုပင်...။

"ဒယ်ဒယ်ကမငြိုငြင်ပါဘူး... ခုနကသားတို့ကန်လိုက်တဲ့ဘောလုံးက ဦးဦးကိုထိသွားပြီလေကွာ"

"ဟုတ်သားပဲ.. ဦးဦးနာသွားလား ဥုံဖွနော်"

နှုတ်ခမ်းလေးချွန်ကာစကားပြောတတ်တဲ့ အငယ်ကောင်လေးက Jimin နဲ့ တော်တော်လေးတူတယ်...။ ပိုပြီးသွက် ပိုပြီးလည်းချွဲတတ်တယ်လေ...။ အနေအေးတဲ့ အကြီးကောင်လေးကတော့ Yoongi နဲ့ တပုံစံတည်းပင်...။

အမြွာတွေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်းလည်းသိပ်မဆင်သလို အကျင့်ချင်းကလည်းကွာခြားပါတယ်...။ ဒါပေမယ့်သေချာတာကတော့ ၂ယောက်လုံးက အရမ်းချစ်ဖို့ကောင်းတာပါပဲ...။ Yoongi တစ်ယောက် သူ့ကလေးတွေကိုသဲသဲလှုပ်နေမယ်ဆိုတာ အသေအချာပါပဲ...။

"Hyung လည်း အလုပ်လုပ်ရင်း ကလေးထိန်းနေရတယ်... အဆင်ရောပြေရဲ့လား...??"

"မပြေလို့လည်းမရဘူးလေ.. Bae က စာမေးပွဲဖြေစရာရှိတော့ စာပဲလုပ်နေရတယ်... ခုတလောကလေးတွေကို အချိန်သိပ်မပေးနိုင်ဘူး... ကလေးထိန်းနဲ့ကျတော့လည်း စိတ်မချဘူးလေ"

Love & Hate Relationship (Completed) Where stories live. Discover now