Let's start again

3.3K 313 60
                                    

(Zawgyi)

ဈေးဝယ်သူတွေနဲ့ပြုံးရယ်စကားပြောနေတဲ့ Taehyung ကို Jimin ဆိုင်အပြင်ဘက်ကနေ ငေးကြည့်နေမိတယ်...။ သူ့ကိုကြည့်ရတာ ပင်ပန်းနွမ်းနယ်နေပုံပေါက်ပေမဲ့ ပျော်ရွှင်နေတာသိသာပါတယ်...။

ခဏလောက်ငေးနေပြီးမှ Taehyung နဲ့စကားပြောဖို့ ဆိုင်ထဲဝင်ရန်လုပ်စဉ် အနောက်ကနေတစ်စုံတစ်ယောက်က သူ့လက်မောင်းကိုလာဆွဲရင်း ဟန့်တားလာတာကြောင့် Jimin လှည့်ကြည့်လိုက်မိတယ်...။

"Jungkook...???"

"ဘာလို့ဒီကိုလာတာလဲ...?? Tae က နေသားကျနေပြီလေ"

Jungkook က သူ့အလုပ်ကနေလာတာသိသာစွာ အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတယ်...။ ဆိုင်ထဲမှာအလုပ်လုပ်နေတဲ့ Taehyung ရဲ့အသွင်အပြင်နဲ့တော့ အတော်လေးကွာခြားလို့နေကာ ကြည့်ကောင်းနေပြန်တယ်...။

"Tae ကိုကြည့်စမ်း... သူဘယ်လောက်ပင်ပန်းဆင်းရဲနေမလဲ... သူကမွေးလာကတည်းက ခုလိုနေဖူးတာမဟုတ်ဘူး... မင်းသူ့ကိုအဲ့လိုမရက်စက်သင့်ဘူး"

Jungkook ဆွဲခေါ်လာတဲ့ဆီကို ယက်ကန်ယက်ကန်နဲ့ပါလာရင်းက Jimin လှမ်းအပြစ်တင်နေမိတယ်...။ Jungkook ကတော့ မကြားသလိုပင် Jimin ကို မနီးမဝေးမှာရပ်ထားတဲ့ သူ့ကားဆီသို့်ဆွဲခေါ်လာကာ အထဲသို့တွန်းထည့်လိုက်တယ်...။

"Jeon Jungkook ငါမေးတာကိုဖြေဦး... မင်းခုလိုလုပ်တဲ့ရည်ရွယ်ချက်က ဘာလဲ...??"

"သူငါ့ကိုဘယ်လောက်ထိ ချစ်နိုင်မလဲသိချင်လို့လေ"

Jungkook ရဲ့အဖြေစကားကြောင့် Jimin ရုတ်တရတ်ဘာပြောရမှန်းမသိ ဖြစ်သွားရတယ်...။ ဒါကအချစ်စမ်းတာတဲ့လား...?? အဲ့လိုကြီး ကိုယ်ချစ်တဲ့သူကို ဆင်းရဲဒုက္ခပေးပြီးတော့လေ...။

"မင်းပြောလေ Jimin... မင်းလည်းအရင်က ခုလိုဘဝမျိုးမှာ နေနိုင်ပါတယ်လို့ ပြောခဲ့တာပဲမလား... ပြီးတော့ Min Yoongi နဲ့လက်ထပ်သွားတယ်... သူ့ကိုချစ်သွားတယ်... မင်းငါ့ကိုကစားသွားတာပဲလေ"

"မဟုတ်ဘူး... ငါမင်းကိုမကစားခဲ့ပါဘူး... အတူတူအရာအားလုံးကို ရင်ဆိုင်ကြမယ်လို့ ကတိပေးထားတာကို ဖျက်မိရုံပါ... မင်းရောပြောလေ.. အခုငါ့ကိုချစ်သေးလို့လား...??"

Love & Hate Relationship (Completed) Where stories live. Discover now