He, My Love

3.5K 325 39
                                    

(Zawgyi)

အိမ်ရှေ့မှာထွက်ကြိုနေတဲ့ Jimin ကိုမြင်ရတာ ဟိုးလွန်ခဲ့တဲ့ ၆လခန့်လောက် သူနဲ့လက်မထပ်ရသေးခင် အခြေအနေတစ်ခုကို Yoongi ပြန်သတိရမိတယ်...။

အဲဒီ့်တုန်းကဆို သူတို့အိမ်ကိုချောင်းပေါက်မတတ်လာတတ်တဲ့ Yoongi ကို Jimin က မကြည်ဖြူဘူးလေ...၊၊ သူ့မိဘတွေက အတင်းဆင်းတွေ့ခိုင်းမှသာ ဆူအောင့်အောင့်နဲ့ ရှေ့မှာလာထိုင်တတ်တဲ့သူပါ...၊၊ အခုကျတော့အပြုံးနုနုလေးနဲ့ ကိုယ့်ကိုအိမ်ရှေ့မှာထွက်ကြိုနေတာ အိပ်မက်တစ်ခုပမာပင်...။

"စောသားပဲ... ညလောက်မှရောက်မယ်ထင်တာ"

ကားတံခါးဖွင့်ပြီးဆင်းလာတဲ့ Yoongi ရဲ့ဘေးမှာ Jimin မတ်တပ်လေးရပ်ရင်း ခရီးဦးကြိုပြုပြန်တယ်...။ Yoongi ချစ်စနိုးနဲ့ပဲ သူ့ခေါင်းလေးကိုခပ်ဖွဖွပုတ်လိုက်တယ်...။

"Bae က ထူးထူးခြားခြားဖုန်းဆက်ပြီးမှာတော့ ကိုယ်လည်းအလုပ်တွေကို အမြန်လက်စသတ်လိုက်တာပေါ့... Tae ကိုလည်း ဖုန်းဆက်ပြီးပြီ... ကိုယ့်ဘာသာပြန်ခဲ့တော့လို့"

"သူပြန်တတ်ပါ့မလား...?? သူက ဒီလမ်းတွေကျွမ်းရဲ့လား...??"

"စိတ်ပူမနေပါနဲ့... သူကဆရာကြီးပဲဟာ"

အစိုးရိမ်ပိုနေတဲ့ Jimin ကို Yoongi ပြုံးပြရင်းအဖြေပေးလိုက်တယ်...။ သူ့ပခုံးလေးကိုလှမ်းဖက်ပြီး အိမ်ထဲဝင်ဖို့လုပ်တော့ သူက ရှက်သလိုပုံစံလေးနဲ့ ခေါင်းငုံ့သွားပြန်တယ်လေ...။ အိမ်ထဲမှာ သူ့မိဘတွေရှိနေလို့ပေါ့ကွာ...။ နို့မို့ဆိုဒီကလေးပေါက်ကို အသည်းယားပြီးဖက်နမ်းမိတော့မှာ...။

"Yoongi ရောက်လာပြီလား...?? ညစာပါစားသွားကြနော်... Ommonim တို့ချက်ထားပြီးပြီ"

ရောက်လာပြီးမှတော့ ညစာမစားပဲပြန်ရင် မကောင်းဘူးလေ...။ ပြီးတော့ Jimin ရဲ့ Omma က ဟင်းချက်ကောင်းတာ Yoongi သိတယ်ပေါ့...။

"စားရမှာပေါ့... Ommonim ရဲ့လက်ရာကိုလွမ်းနေတာ"

Jimin လှမ်းပေးတဲ့ရေခွက်ကိုယူသောက်ရင်း Yoongi ပြောတော့ Ommonim က ခပ်ဟဟရယ်မောလေတယ်...။ နဂိုတည်းက စကားနည်းတဲ့ Jimin Appa ကတော့ အလုပ်အဆင်ပြေလား ဘာညာလောက်သာမေးတယ်...။ Jimin ကတော့ သူ့အမေနဲ့အတူ ထမင်းဝိုင်းပြင်နေတာကြောင့် Yoongi လည်း သူ့အဖေနဲ့သာ ရောက်တတ်ရာရာတွေ ပြောဖြစ်နေကြတယ်...။

Love & Hate Relationship (Completed) Where stories live. Discover now