၁။မိတ်ဆက်ခြင်း...

33.9K 1.2K 26
                                    

Uni

"တစ်သက်လုံးရေ...ငါနှိူးနေတာကြာလှပြီနော်...ကျောပြင်ဗြောတင်ခံချင်နေတာလား...''

ဒေါ်လုံးလုံးတင်တစ်ယောက်အသည်းညှာအူကြူးမွေးရကျိူးမနပ်လေးအားအိပ်ယာနှိူးနေခြင်းဖြစ်၏..။

မနက်လင်းသည်နှင့်ထိုအသံကိုအမြဲကြားနေရတာမို့ဧည့်ခန်းထဲထိုင်နေသောဦးကျော်ကြားဦးကတော့ပြုံးနေရုံသာ..။

ထိုအသံသူ့အတွက်တော့မနက်ခင်းတေးသံချိူလေးဆိုလည်းမမှား။

မိခင်ဖြစ်သူအသံကသာတကြော်ကြော်ထွက်နေပေမယ့်တစ်သက်လုံးကတော့အိမ်မက်မက်ကောင်းတုန်းပင်.။

ဒေါ်လုံးလုံးတင် ဧည့်ခန်းထဲထိုင်ကာသူ့အားခပ်ပြုံးပြုံးကြည့်၍လှောင်ရယ်နေသူကိုမျက်စောင်းထိုးကာအိမ်အပေါ်ထပ်က ကာလနဂါးလေးဆီတက်လာခဲ့သည်..။

အခန်းတံခါးကိုလှပ်လိုက်သည်နှင့်ကုတင်ပေါ်ကလူကြောင့်ဒေါ်လုံးလုံးတင်ရယ်လိုက်မိသည်..။

နိုးရင်တောင်မထပဲစောင်ကိုခေါင်းကနေဆွဲခြုံကာသူမ တက်မနှိုးမချင်းအမြဲလိုလိုငုတ်တုတ်မှိန်းအိပ်နေတက်သောသားဖြစ်သူကအူကြူးလေးအလား..။

ခြေသံလုံလုံဖြင့်ကုတင်နားကပ်သွားရင်းငုတ်တုတ်ထိုင်ကာခေါင်းတဆတ်ဆတ်ငြိမ့်၍ထောက်ခံနေသောသားဖြစ်သူ၏ကျောပြင်ကိုခပ်နာနာတွယ်ထည့်လိုက်သည်..။

"ဖြန်း...''

"အား...ဘယ်သူလဲကွ...''

စပ်ဖျင်းဖျင်းနာနေသည့်ကျောအားမမှီမကမ်းပွတ်ရင်း အလုံးအော်ပစ်လိုက်၏။

"ငါဟေ့..ငါ..ငါ..နင့်အမေ..''

"ဟီး...မေမေကလည်း..လက်ကကြမ်းထှာဗျာ...ကျောင်းဆရာမလက်ပီသချက်...''

"တစ်သက်လုံး...''

အလုံး၏စကားကြောင့်ခုနစ်အိမ်ကြားရှစ်အိမ်ကြားအသံဖြင့်အော်လာသောမာတာမိခင်မေမေမားသားအိုမားကြောင့်အလုံး၏စင်းကျနေသည့်မျက်လုံးတွေကျယ်သွားရသည်..။

လက်ဆကလည်းပြင်းလိုက်တာ..။

"ဟီး...ထပြီ..ထပြီမေမေ...''

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now