၃၅။ပြန်လည်ဆုံဆည်းကြမယ် အချစ်ရယ်😁😁

7.2K 734 26
                                    

Uni

နိုင်ငံရပ်ခြားအဝေးမှာရောက်နေစဥ် နေ့တိုင်းလိုလိုချစ်ရသူပို့လာသည့်သတင်းစကားတွေကြောင့်ရိုးမှာနေမထိထိုင်မသာဖြစ်နေရသည်...။

အလုပ်တွေက မပြီးပျက်သေးတာကြောင့် ချက်ချင်းထပြန်ချင်စိတ်ကိုလည်းထိန်းနေရသေး၏..။

ချစ်ရသူကတော့ထိုအကြောင်းအရာအခက်အခဲတွေကြားအရယ်မပျက်..အပြုံးမပျက်..။

တစ်နေ့က ချစ်ရသူရဲ့မေမေက ရိုးထံဖုန်းဆက်ပြောလာသတင်းကြောက့် လက်ထဲကဖုန်းတောင်လွတ်ကျသွားသည့်အထိအံ့သြသွားရသည်..။

သူ့အသက်က သူ့သားပေါက်ကလေးကို လွယ်ထားရသည်တဲ့..။

ထို့ကြောင့် အိမ်မှာနေလို့ မဖြစ်တော့ကြောင်းအသိပေးလာခြင်းပင်ဖြစ်၏..။

ထိုအကြောင်းအရာကို ဘိုးဘိုးသိသွားကတည်းကလက်ကျန်အလုပ်တို့ကို ဘွားလေး မာမာကိုအပ်ခဲ့ကာပြန်ဖို့ပြင်ရသည်..။

ထို့နေညက်အစီအစဥ်တွေဆွဲကာ ဇာတ်ကလိုက်ပြီး သူ့အသက်နဲ့သားပေါက်ကလေး အန္တရာယ်ကင်းဖို့ အဝေးပို့လိုက်ရ၏..။

မျက်နှာလေးငယ်ကာတစ်ယောက်တည်းထွက်သွားသောကျောပြင်လေးအားမြင်လိုက်ရတော့နောက်ရက်အထိမနေနိုင်တာကြောင့်အားတာနဲ့နေ့ချင်းလိုက်သွားမိပေမယ့်ဟိုရောက်တော့ပေါက်စကစိတ်အေးလက်အေးအိပ်ပျော်နေလေပြီ...။

မျက်နှာလေးသာတစိမ့်စိမ့်ကြည့်ရင်းခွဲခဲ့ရတဲ့ရက်တွေအတွက်အတိုးချမြတ်နိုးနေမိ၏။

မျက်နှာဖောင်းဖောင်းနဲ့ သားပေါက်ပါးပါးက ရိုးမျက်လုံးထဲမှာတော့ ငေးမဝ ကြည့်မဝ ရှူ့မဝလေး..။

စိတ်ထဲရှိတိုင်းတစိမ့်စိမ့်ထိုင်ကြည့်နေတုန်း မာမီစကားပြောနိုင်လာပြီဟု ဖုန်းဆက်လာသည်ကြောင့် aircon လျှော့ကာစောင်ပါးပါးကိုဆွဲခြုံပေးပြီး ပြန်ထွက်လာခဲ့ရသည်..။

မာမီကနေကောင်းလာသည်နှင့်နှောင်းဝဿန်မေနဲ့ သူ့ကိုလက်ထပ်ပေးဖို့အတင်းစီစဥ်၏..။

ငြင်းဖို့စဥ်းစားလိုက်ပေမယ့် ဘိုးဘိုးကလူတောမတိုးနိုင်အောင်ပညာပေးချင်သည်ဆိုတာကြောင့် တိုင်ပင်ကာဇာတ်ဝင်ကရတော့သည်..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now