၃၈။အရှက်ကွဲပြီ

7K 637 4
                                    

Uni

မဂ်လာပွဲနေ့..

Dinnerပွဲအနေနဲ့ပဲလုပ်ဖြစ်တာမို့ညနေ နေ၀င်ရီတရောအချိန်ကတည်းကပန်းမြိုင်မွှေးစံအိမ်ကြီးထဲ၌လူတွေအများအပြားနဲ့စည်ကားလျှက်ရှိသည်..။

ပန်းမြိုင်မွှေးစံအိမ်ရဲ့ အပေါ်ဆုံးထပ်မှာအလှပြင်နေသည့် သမီးဖြစ်သူနှောင်းလေးကိုကြည့်ကာ မျက်လုံးတွေရွှန်းရွှန်းဝေတဲ့အထိဒေါ်နီမြင့်ကြည်နူးနေမိသည်...။

ဒီနေ့ဟာ သူမအမျှော်လင့်ဆုံးနေ့တစ်နေ့...။

''အိုး..လှလိုက်တာ သမီးလေးရယ်...ကြည့်ပါအုံး ဆရာကတော်ဖြစ်ရမယ့်ရုပ်လေး..အိုက်ဂူး..''

''ဒေါ်လေး...နှောင်းအရမ်းပျော်တယ်...ဖေကြီးမလာသေးဘူးလားလို့...သွားကြည့်လိုက်အုံး...''

''အေးအေး...''

နှောင်း ဒေါ်လေးထွက်သွားသည်နှင့် မျက်နှာ ချက်ချင်းမဲ့သွားမိသည်..။

ဆီးစပ်တွေကိုက်နေတာ မနက်ကတည်းက ။မဟုတ်မှ ထပ်ဖြစ်သွားတာလား..။

အို...ထပ်ဖြစ်လို့မရဘူး...။ဒါသာတစ်ခုခုထပ်ဖြစ်သွားရင် သူမလမ်းခွဲခံရတော့မှာ..။

ဦးနေမင်းဝင်း ဧည့်သည်တွေဧည့်ခံနေတုန်း မျက်လုံးဝေ့ကာ လူတစ်ယောက်ကိုရှာနေမိသည်..။

ဒီပွဲကိုမြတ်သူကျော်လာလို့မဖြစ်ဘူး..။ခွေးကောင်...ကျွေးမွေးခဲ့တဲ့မျက်နှာမှမထောက်သူ့သမီးနဲ့ချစ်ကြိုက်ရဲသည်..။

ညီမဖြစ်သူ ခတ္တာဆုံးပါးပြီးနောက်ပိုင်းမှမြတ်သူကျော်သည် သားအရင်းမဟုတ်မှန်းသိလိုက်ရ၏...။

ထိုသို့သိပြီးကတည်းကGမြို့က ဆွေမျိူးရဲ့ဆိုင်မှာအလုပ်သမားအနေနဲ့ အလုပ်သွင်းပေးပြီး အဆက်အသွယ်တော့မလုပ်ဖြစ်..။

ညီမဖြစ်သူက သူ့သူငယ်ချင်းရဲ့ကလေးကိုခေါ်ယူမွေးစားထားသည်မို့ မြတ်သူကျော်နှင့်မိမိသည် သွေးသားတစ်စက်မျှတော်စပ်မှုမရှိ...။ထို့ကြောင့်ပစ်ထားဖို့ကြံရွယ်လိုက်၏။

ထိုကလေးက ဆယ်တန်းကို ကောင်းကောင်းအောင်လာတာမို့ အစိုးရအလုပ်ဝင်ဖြေပြီးNမြို့ဆေးရုံမှာတာဝန်ကျသည်..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now