၄၂။ဆည်းလည်းသံတို့ရဲ့ကြည်နူးစရာတချိူ့

7.5K 669 15
                                    

Uni

''ပေ့...ပါး...''

ဟော...ရောက်လာကြပြီ..။

ခြေနင်းလျှောက်တိုင်းဝမ်း..တူး...သရီး ဟူ၍ရေတွက်သံထွက်လာသောဖိနပ်ကိုစီးထားမို့ ဝမ်း တူး သရီး ဆိုတဲ့ အသံနဲ့အတူ မပီတပီခေါ်သံ နှစ်ခုကြောင့်စိန်ဆိုင်ကောင်တာနောက်က ကုတင်လေးပေါ်လှဲအိပ်နေရာမှအလုံးထကြည့်လိုက်သည်..။

သူတို့ ဘွား လက်ကို ဆွဲကာ ခြေထောက်က အသံကိုနားထောင်ပြီးလိုက်ဆိုနေသည့် သားပေါက်..။

လက်ထဲက ချိူချဥ်လုံးကို နှူတ်ခမ်းသားကိုပွတ်လိုက် နှူတ်ခမ်းကိုလျှာဖြင့်သပ်လိုက်နဲ့အရသာခံနေတဲ့ သမီးပေါက်..။

ထိုသို့မလုပ်ဖို့တားပေမယ့် ဖြေရှင်းချက်က ခိုင်ခိုင်မာမာပေးလာသည်..။

ပါးစပ်ထဲ တစ်ခါတည်းမထည့်ပဲ အဲ့လိုအရသာခံပြီးစုပ် ပါးပါးတဲ့...အရသာမကောင်းရင်လွင့်ပစ်လိုက်ဆိုပဲ...။

''ဝိမ်း..တရူး..တရီး...''

''အိုက်ဂူး...တို့ကမ္ဘာလေး အရေအတွက်တွေရနေပြီပဲ...တော်လိုက်တာ...''

''ပေ့...ဝိမ်း..တရူး..တရီး..ရဘီ..''

''ဟုတ်ပါပြီဗျာ...ဘာတွေစားခဲ့ကြလဲ..သမီးပေါက်ကရော ဘာဝယ်လာလဲ...''

''ထုံးစံအတိုင်း ချိူချဥ်လုံးပေါ့...သားပေါက်ကတော့ အရုပ်ပဲမက်တာလေ...''

သူ့အဘွားအပြောကြောင့်သားနဲ့သမီးကို ပွေ့ဖက်လိုက်ပြီး.....

''ပင်ပန်းသွားပြီ မာမီ...မေက တခါတည်းပြန်သွားတာလား...''

''ဟုတ်တယ်..အတင်ကညနေဟင်းချက်ပြီး သူ့မြေးတွေအတွက်လာပို့မလို့ဆိုလား...''

''တားပေါက်အတွက် ဥပေါင်း...တာတာ့အတွက် ဥအမေပေါင်း...''

ရုတ်တရတ် ထပြောလိုက်တဲ့သားဖြစ်သူစကားကို အလုံးနားမလည်လိုက်....။

''ဟမ်...ဘာပေါင်း သားသား...''

''တာတာ့အတွက် ဥအမေပေါင်း...''

လက်ညိုးလေးဝိုင်းပြကာပြောလာသော သားဖြစ်သူကြောင့်အလုံး တဟားဟားနဲ့အော်ရယ်မိတော့သည်..။

ကြက်ပေါင်းလို့မပြောတက်တော့ဥအမေ ပေါင်းတဲ့..။

ဧကန္တ မေကကြက်သားကို ကြက်ဥအမေလို့သင်ပေးလိုက်ပုံပေါ်သည်..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now