၈။ကာကွယ်ပါ့မယ်

7.7K 828 15
                                    

Uni

"မင်းနာမည်..''

"တစ်သက်လုံး''

အလုံး မိမိရှေ့မှာတင်ကလိမ်ချိတ်ထိုင်ရင်းအကြည့်စူးစူးတို့ဖြင့်စိုက်ကြည့်ပြီးအသံတိုပြတ်ပြတ်ဖြင့်နာမည်မေးလာသူကြောင့်သူသည်လည်းခပ်ပြတ်ပြတ်သာပြန်ဖြေလိုက်သည်..။

ရောင်းသူဝယ်သူ အသံတူပဲ..။

ထို့နောက်အလုံးခြေချထိုင်နေရာမှထိုင်ခုံပေါ်ခြေထောက်ပြန်တင်ကာတင်ပြင်ခွေထိုင်လိုက်သည်..။

လက်ပိုက်ပြီးခေါင်းငုံ့ရလောက်အောင်ယဉ်ကျေးစရာလူမှမဟုတ်ပဲ..။

"မိဘတွေက..''

မလိုလားသည့်မျက်နှာပေးဖြင့်တရားခံစစ်သလိုစစ်လာနေသည်မို့အလုံးမှက်မှောင်ကြုတ်လိုက်မိ၏။

"ဘာလုပ်မလို့လဲ... နေပါအုံး အန်တီ...အလုံးနဲ့အန်တီက အခုမှဆုံဖူးတာနော်...ဘာတွေအလိုမကျဖြစ်နေတာလဲ....''

တကယ်နားမလည်လို့မေးတာပါ...။သူ့အပေါ်ဘာတွေတင်းစရာရှိနေလို့လဲ...။

"မင်းက Gay ဆို..''

"ဟုတ်တယ်လေ..အဲ့ဒါဘယ့်သူထိခိုက်နေလို့လဲ....''

ဘာများလဲလို့..။

"အန်တီသားကိုမကြိုက်ပါနဲ့...''

အလုံးမျက်ခုံးတစ်ချက်ပင့်သွားရသည်..။

သူ့သားကိုဘယ်သူကကြိုက်နေလို့တုန်း...။

လတ်တလောအသည်းကွဲနေတာလေးတောင်ဘယ်ရောက်သွားမှန်းမသိ...။ဒီဘွားတော် အတော်နောက်တာပဲ....။

ဟက်ကနဲ တစ်ချက်ရယ်လိုက်ပြီးကျစ်ကနဲ တစ်ချက်စုပ်သပ်ကာမေးလိုက်မိသည်..။

"ဘယ်သူကကြိုက်နေလို့လဲ ''

"ကြိုက်မိမှာစိုးလို့ကြိုတားတာ..အန်တီသားက လှပတဲ့မိန်းကလေးနဲ့ပဲတန်တာ...''

ပြောတာပဲ...။

မိန်းမကိုစိတ်ဝင်စားတဲ့သူမဟုတ်ရင်တန်လည်းအလကားဖြစ်တာပေါ့...။တူရာတူရာစုတက်တာ သဘာဝ...။

"အိုး..ဟိုး..ဟုတ်ပါပြီ..ဟုတ်ပါပြီ...ဒါနဲ့ အလုံးနဲ့ဆရာကတွေ့တာ တစ်လတောင်မပြည့်သေးဘူး...ခုထိကြိုက်ဖို့ နေနေသာသာ အလုပ်ကိစ္စကလွဲလို့စကားစမြည်တောင်မပြောရသေးပါဘူး..အန်တီအနေနဲ့ အလုံးအပေါ်လွန်ရာမကျဘူးလား...ပြန်တောင်းပန်ပါ အန်တီ''

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now