Uni
မနက်လင်းသည်နှင့် အလုံးမြို့နယ်ရုံးဆီကိုယ်တိုင်ဆိုင်ကယ်မောင်းကာခပ်စောစောထွက်လာခဲ့၏..။
အလုံးမှာကိုယ်ပိုင်ဆိုင်ကယ်မရှိပေမယ့်ဆရာက ဆေးရုံဝန်ထမ်းတွေအတွက် လိုရာသုံးဖို့ရန်ဆိုင်ကယ်တစ်စီးဝယ်ပေးထားပြီးဆေးရုံနှင့်ဆိုင်သည့်ရုံးကိစ္စအလုပ်ကိစ္စတွေမှာမည်သူမဆိုယူသုံးခွင့်ပေးထားသည်...။
မွန်လေးကရိပ်မိနေဟန်ရှိတော့ဆိုင်ကယ်ကိုယ်တိုင်မောင်းမသွားစေချင်ပေ...။ကိုယ်တိုင်မောင်းမည်ဆိုလည်းအဖော်ခေါ်သွားခိုင်းနေ၏။
အလုံးကစိတ်ချဖို့သာနှစ်သိမ့်ခဲ့ပြီးတစ်ယောက်တည်းသာထွက်လာခဲ့၏။
လူရှေ့သူ့ရှေ့မှာအလုံးမျက်ရည်ကျမပြချင်..။
မြို့ပေါ်ရောက်တော့ရုံးအရင်ဝင်ပြီးစာရွက်စာတမ်းကိစ္စကိုရင်လက်စသပ်ရ၏..။
အလုံးလာတာနောက်ကျသွားသည်မို့ ရုံးနားချိန်သည် ၁၂နာရီကနေနေ့လည်၂နာရီထိဖြစ်တာကြောင့် TMO(မြို့နယ်ဆရာဝန်) လက်မှတ်ရဖို့နေ့လည်၂နာရီမှသာပြန်လာထိုးရတော့မည်...။
ထို့ကြောင့်ရှင်းသင့်တာရှင်းဖို့ချိန်းထားသူရှိရာကောင်းစံလက်ဖက်ရည်ဆိုင်သို့ထွက်လာခဲ့သည်..။
ဆိုင်ထဲရောက်တော့အပြင်ဖက်ထီးမိုးလေးအောက်မှာထိုင်ကာဖုန်းကြည့်နေသူကအရယ်မပျက်အမောပျက်။
ဘေးမှာသူ့သူငယ်ချင်းယောက်ျားလေးတစ်ယောက်လည်းထိုင်သည်မို့အလုံးအံကြိတ်လိုက်မိ၏။
"ရောက်နေတာကြာပြီလားအကို...''
အလုံးစကားစဆိုရင်းမျက်နှာချင်းဆိုင်ခုံအလွတ်ကိုဝင်ထိုင်လိုက်၏..။ဂိမ်းဆော့နေရာမှမော့ကြည့်လာပြီးခပ်တည်တည်မျက်နှာဖြင့်ဖြေလာ၏။
"မကြာသေးပါဘူး...မင်းစိတ်ဆိုးတာပြေပြီလား..ငါမချော့လည်းမင်းဖာသာပြေတက်တာသိပေမယ့်ဒီတစ်ခါကိစ္စကိုတော့ငါဘက်ကမကျေလည်သေးဘူး...နောက်ဆိုမင်းကိုငါလာတွေ့မှာမဟုတ်ဘူး မင်းတွေ့ချင်ရင်ငါ့ဆီမင်းလာခဲ့..''
ပြောထွက်လာသည့်စကားလုံးတွေကချစ်သူတစ်ယောက်၏ပါးစပ်ကမှဟုတ်ရဲ့လားဟူ၍ပင်အလုံးထင်လိုက်မိ၏။
YOU ARE READING
တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)
Romanceဒုတိယ မြောက် fic... ဆရာဝန်လေးနဲ့ဆေးစပ် Compounderဆရာလေးတို့ရဲ့ချစ်ဇာတ်လမ်းလေး... အားပေးမယ်မဟုတ်လား...