၃၁။ဆုလာဘ်လေးတွေရောက်လာခြင်း

6.8K 622 3
                                    

Uni

ရိုး အလုပ်တွေလက်စသတ်ပြီးနောက်အိပ်ခန်းထဲဝင်လာခဲ့၏..။

သူ့အသက်လေးကသူဖုန်းအခေါ်စောင့်နေရော့မည်..။

ရိုး ဒီရောက်တာ၂ လကျော်သွားပြီဆိုပေမယ့်ဘွားငယ်တို့အလုပ်တွေလက်စသတ်နေတာမပြီးနိုင်သေး...။

ဒီတိုင်းဆိုနောက်ထပ်၄လလောက်ထပ်နေရအုံးမည်..။

ဖုန်းကိုလိုင်းဖွင့်ပြီးအလွမ်းပြေဖို့ချစ်ရသူအသက်လေးဆီv callခေါ်လိုက်၏..။

''hello ယောက်ျား...''

ပန်းသီးစိတ်တွေကိုပလုပ်ပလောင်း၀ါးစားရင်းဖုန်းကိုင်လာသောရိုးရဲ့အလုံးပေါက်စကလေး..။

''အသက်..လက်သက်သာလား....နောက်ဆိုဆိုင်ကယ်မစီးရတော့ဘူးနော်..ကိုယ်ပြောတာကြားလား...''

''အင်းပါ.ကိုကြီးရဲ့...''

''ကိုကြီး အခုတစ်လော အလုံး ဝလာသလိုပဲ...ဟုတ်တယ်မလား..''

ဗိုက်လေးကိုလှန်ပြလာတော့သိသိသာသာလေးပူနေ၏။သို့ပေမယ့်စိတ်ဓာတ်သွားမှာစိုးရိမ်သည့်အတွက်၀နေကြောင်းထောက်ခံမပြောချင်ပေ..။

''ဝတာကောင်းတာပေါ့...အသက်ရဲ့များများစား..''

''မကောင်းဘူး...ကိုကြီးရဲ့..ဝလာတာကမသိရင်ဗိုက်ထဲနောက်တစ်ယောက်ဝင်နေသလိုပဲ..လေးနေရော..''

အလုံး.ယောကျ်ားဖြစ်သူမျက်နှာကိုကြည့်ရင်းဝခြင်းရဲ့ဆိုးကျိူးကိုပြောနေတုန်းတစ်စုံတစ်ခုကိုသတိရမိလိုက်သည်..။

မဟုတ်မှအဲ့ဒါများလား..။

''အာ..ခဏခဏ..ကိုကြီး ခဏ..''

ကုတင်ပေါ်ကပြေးဆင်းကာ ပြက္ခဒိန်ကြီးယူလာပြီး လက်ချိုးရေလို့ဘာရက်တွေတွက်နေလဲမသိ..။

ရိုးမှာတော့သူ့အသက်ကလေးကို မြင်နေရတာတောင်လွမ်းနေတုန်း..။

တစိမ့်စိမ့်မေးထောက်ကာ ကြည့်နေမိသည်..။

အခေါက်ခေါက်အခါခါလက်ချိုးလို့ရေတွက်ကြည့်ပြီးနောက်မျက်နှာရဲရဲလေးဖြင့်မော့ကြည့်လာ၏။ကျေနပ်နေဟန်ဖြင့်တခိခိရယ်နေပြန်သေးသည်..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now