၁၃။စိတ်ထားနူးညံ့သူအလုံးလေး

6.7K 764 9
                                    

Uni

ထိုနေ့ကစပြီးနှောင်းတစ်ယောက်အတော်ကြီးငြိမ်သွားသည်..။

ပြဿနာတက်အောင်ယုတ်မာလိုက်ကာမှ ကိုကြီးရေ အသက်ရေ ဖြစ်ကုန်တော့အောင်သွယ်တော်ဘဝရောက်သွားရသည်မဟုတ်လား..။

ရိုးကတော့ ထိုသို့ယုတ်မာတာကိုပဲကျေးဇူးတင်ရသည်..။

အဲ့နေ့ကခေါ်သံလေးကိုသူမကြောင့်သာကြားရသည်..။

ကိုလူလည်သူ့အသက်လေးက နောက်ရက်တွေမှာဘယ်လိုလိုချော့ချော ခေါ်ခိုင်း၍မရတော့..။

ဒီနေ့ နှစ်ဆန်း ၁ရက်နေ့...

ဆေးရုံမှာ နှစ်စဉ်နှစ်ဆန်းတစ်ရက်နေ့တိုင်း ဘုန်းကြီး ၅ ပါးပင့်ကာနှစ်ဉီးဆွမ်းလည်းကပ်ကြရင်း ပရိတ်ပဌါန်းရွတ်ဖတ်ပေး၍ဘ၀ကူးသူတို့အားအမျှပေးဝေကြသည်...။

ဆေးရုံဆေးခန်းဆိုတော့မမြင်ရသည့်ပုဂ္ဂိုလ်တို့ရှိနေနိုင်သည်..။

အာရုံဆွမ်းဖြစ်သည်မို့ ထမင်းကို ပဲဆီဆမ်း ၍စားတော်ပဲပြုတ်ဖြင့်မွှေနယ်ပြီးဆွမ်းဟင်းအဖြစ်ခရမ်းချဉ်သီး(ဗမာသီး တချိူ့က ဆင်ခွာသီးလို့လည်းခေါ်တယ်)နှင့်ငရုပ်သီးကိုမီးဖုတ်ကာနှစ်ခုလုံးရောထောင်းထားသည်ကိုပဲဆီစစ်စစ်လေးထည့်ဆမ်းထားသောခရမ်းချဉ်သီးပန်ထရေဖျော်အပြင်ငါးခြောက်ဖုတ်နဲ့စွန်တံဟင်းချိုလည်းပါသည်...။

မြင်ရရုံတင်သွားရေကျစရာ...။

ပင့်သံဃာဘုန်းကြီးတို့က နှစ်တိုင်း ထိုသို့သာ ချက်ပြုတ်ပြီးဆွမ်းကပ်ခိုင်း၏။

မနက်အစောကို တခြားသောဒံပေါက်တွေဘာတွေ ဘုဏ်းမပေးချင်ဟု အသက်၈၀ကျော်ပင့်ဆရာတော်တစ်ပါးကမိန့်ထားသောကြောင့်ဖြစ်သည်..။

မနက်ပိုင်းတစ်ပိုင်းလုံးအချိန်ကုန်သွားပြီးဘုန်းကြီးတို့ပြန်ကြွသွားသည်နှင့်မွန်လေးတစ်ယောက်အခန်းမပြန်တော့ပဲယူနီဖောင်းမဟုတ်သည့်အ၀တ်အစားဖြင့်သာဂျူတီဆင်းလိုက်တော့သည်..။

လူနာပါးနေတာမို့ကြိုစီစဉ်ထားသည့်အတွေးတစ်ခုကိုအကောင်အထည်ဖော်လိုက်သည်..။

ရိုးတစ်ယောက်ရွာထဲကစားသောက်ဆိုင်တစ်ခုကို ကျောင်းတုန်းကအသိအတွဲလာလို့ သွားဧည့်ခံလေ၏..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now