၄၁။သားပေါက် သမီးပေါက်တို့ဖေဖေသတ္တိခဲ

8.1K 698 27
                                    

Uni

''ကျွတ်..ကျွတ်...''

အလုံး ဆီးစပ်တွေထိုးကိုက်လာသည့်နာကျင်မှု့​ကြောင့် စုပ်သပ်ကာနိုးလာသည်..။

နာရီကြည့်လိုက်တော့မနက် ၂နာရီခွဲ..။

မွေးချင်နေတာဖြစ်မည်...။

နာကျင်မှု့ကိုတောင့်ခံ၍သူ့ကိုပွေ့ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ၏ရင်ဘက်ကို ပုတ်လိုက်ကာနှိုးရသေး၏။

''ကိုကြီး..ထအုံး...''

အိပ်ရေးဆတ်သူက၀ုန်းကနဲထထိုင်လာ၏။

''ဟင်..အသက်...ဘာဖြစ်လို့လဲ...''

''မွေးချင်နေတာလားမသိဘူး..တဆစ်ဆစ်နဲ့ နာလာတယ်...ကျွတ်..ကျွတ်..''

အသက်အပြောကြောင့်ရိုးမျက်လုံးတွေပြူးကာအိပ်ချင်စိတ်ပြေသွားရသည်..။

''ဟင်..ခဏနော်...''

ထိုသို့ပြောခဲ့ပြီးကုတင်ပေါ်ကနေဝုန်းကနဲခုန်ဆင်းလိုက်ကာအောက်ထပ်ဆီပြေးဆင်း၍လူအကုန်နိုးကာပြန်ပြေးတက်လာခဲ့သည်..။

အခန်းထဲပြန်ရောက်တော့နာကျင်လွန်းသည်မို့ ကုတင်ပေါ်မှာ သူ့အသက်မှာချွေးတွေနစ်နေပြီ..။

အဲ့သလိုနာမှာစိုးလို့ ခွဲရက်ကိုတစ်ပတ်အလိုကြိုယူထားတာပါဆို..။

ညည်းညူနေသူကြောင့် ရိုး မျက်စိမျက်နှာတွေပျက်ကာ ချစ်ရသူကိုပွေ့ချီလိုက်၏။

''ခဏလေး..ခဏလေးပါ..အသက်ရယ်..ကိုယ်တောင်းပန်ပါတယ်ကွာ..အင့်..ခဏလေး သည်းခံပါနော်...''

အလုံးနာနေတာတောင်ဘယ်ရောက်သွားမှန်းမသိ..။

ဟုတ်သည်လေ...လူကိုပွေ့ချီပြီး တအင့်အင့်နဲ့ သူကငိုနေတာကို။

ကားထဲဝင်ပြီး ဒယ်ဒီက ကားမောင်းကာ မေ...ဖေ.. မာမီ..နဲ့ ခခကခေါင့်ကားနဲ့လိုက်လာပြီး ဘဉာဏ်၊ဘိုးဘိုးနဲ့မမွန်က သူတို့ကားနဲ့ပါလာ၏..။

ကားထွက်တဲ့အထိ တတွတ်တွတ်တောင်းပန်ကာ ငိုနေတာမို့ ဦးကြင်နာသော အမြင်တွေကပ်နေပြီ..။

သူလုပ်လို့လည်းနာရသေးတယ်..။အခုလည်းကြည့်..မွေးမယ့်လူက သူ့လင်ငိုတာကြည့်ပြီး နာတာကိုကျိတ်ခံနေရှာတာမသိဘူးလား..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now