၁၉။ဒေါ်ပိုးစံထားရဲ့ဘဝအကြောင်း

5.9K 603 6
                                    

Uni

ဒီနေ့တနေကုန်ကိုကြီးအိမ်မှာမရှိပေ။

ဘပွေးကလည်းတောသို့သွားနေပြီးဘွားနေကတော့ မီးဖိုချောင်ထဲမှာခုတ်သံထစ်သံတဒုန်းဒုန်းဖြင့်တကုတ်ကုတ်ချက်ပြုတ်ပြီးနောက် တောင်ဘက်အိမ်ဆီအလည်သွားလေ၏။

အလုံးတစ်ယောက်တည်းပဲအိမ်မှာကျန်နေခဲ့တာမို့ ဆေးခန်းသန့်ရှင်းရေးလုပ်ကာ လျှော်စရာရှိတာတွေလျှော်နေလိုက်သည်. ။

ကိုကြီးရှိရင် ဒီအလုပ်တွေကိုထိပင်မထိခိုင်းတာမို့ လင်ယောကျ်ားမရှိခင်လျှော်ဖွတ်ရ၏..။

ဒါတောင် ပြန်လာရင်တဗြစ်တောက်တောက်နဲ့ဆူအုံးမည်မှာအသေအချာ...။

အလုံးလင်အူကြူးတစ်ယောက်တော့ရွာထဲမှမွေးလူနာတစ်ယောက် ကိုယ့်ဘာသာတစ်ယောက်တည်း တောထဲမှာမီးဖွားပြီးကလေးအချင်းမကျပဲသွေးသွန်နေတာကြောင့်အရေးပေါ်အခြေအနေဖြင့်Mမြို့ဆေးရုံကြီးသို့လိုက်ပို့ရင်းဆေးတချိူ့ဝယ်ဖို့သွားလေ၏....။

ဖုန်း၀င်လာသံကြောင့်အိမ်ပေါ်တက်ကာဖုန်းယူကြည့်လိုက်တော့မသိသောဖုန်းစိမ်းတစ်လုံးဖြစ်နေသည်မို့ကိုင်ဖို့တွေဝေနေမိရာကလူနာကိစ္စဖြစ်နေမှာစိုးတာကြောင့်အလုံးအမြန်ကိုင်လိုက်ရသည်..။

တကယ်တမ်းသာ ထိုဖုန်းက သူ့ဘဝကိုပြောင်းပြန်လှန်ပစ်မယ်ဆိုတာသိရင်ရောအလုံးကိုင်မိပါအုံးမလား...။

"ဟလို...တစ်သက်လုံးပြောနေပါတယ်ခင်ဗျာ..''

''သား..အန်ကယ်လ်ပါ ''

ကြည်ကြည်လင်လင်ထွက်ပေါ်လာသည့် လူကြီးတစ်ယောက်အသံက အလုံးကိုကြောင်အသွားစေသည်...။

ဘယ်သူပါလိမ့်...။

''ဘယ်သူလဲဗျ...တကယ်မသိလို့ပါဗျ...''

''ရိုးမြေကျရဲ့အဖေပါသား..''

ကြားလိုက်ရသည့်အဖြေစကားကြောင့်လွတ်ကျလုလုဖုန်းကိုအမြန်ထိန်းကာဆုပ်ကိုင်ထားလိုက်သည်...။

ကိုကြီးအဖေတဲ့...။ဘယ်သူများတစ်ခုခုဖြစ်လို့ရှာရတာလဲ..။

တုန်ယင်နေသည့်အသံကိုထိန်းရင်း ခေါင်းကိုတဆတ်ဆတ်ငြိမ့်ကာပြောလိုက်၏။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now