၃၃။ ဆုံဆည်းခြင်းအစ

6.5K 650 29
                                    

Uni

အိမ်ပေါ်ကဆင်းလာခဲ့ပြီဟူ၍ငိုသံဖြင့်ဖုန်းဆက်လာသူကို မွန်လေး ခြံရှေ့ကနေထွက်စောင့်နေလိုက်သည်....။

ဘာတွေဖြစ်ကုန်ကြလို့လဲ..။

အလုံးတစ်ယောက်အိမ်ပေါ်ကဆင်းလာရသည့်အထိဘယ်လိုတွေဖြစ်တာလဲမသိ...။

''တီ...တီ''

မီနီအိုးဝေလေးကသူမရှေ့ရပ်သွားပြီးနောက်အမြန်ဆင်းလာကာသူမရင်ခွင်ထဲပြေးဝင်လာပြီး အီချငိုနေသူ၏ကျောပြင်အားသပ်ပေးလိုက်ရင်းမွန်လေးမေးမိ၏။

''အလုံးလေး ဘာဖြစ်လာတာလဲ ကလေးရယ်..ဟင်..လာလာ အထဲဝင်ကြစို့...''

လက်ကလေးဆွဲပြီး အိမ်ထဲဝင်လာတော့ မီးဖိုချောင်ထဲကနေ ခေါင်ကထွက်လာကာ​နှုတ်ဆက်၏။

''လာပြီလား..ဆရာလေး...နားဦး..''

မွန်လေးတို့နှစ်ယောက်လက်ထပ်လိုက်ကြပြီ..။

ယောက္ခမဖြစ်သူက မွန်လေးစိတ်ကြိုက်Pရွာမှာ ဝိုင်းဝယ်ပြီး အိမ်ဆောက်ပေးတာမို့တင့်တင့်တယ်တယ်အေးအေးဆေးဆေးနေကြရ၏..။

ခေါင်က ဆိုင်ကယ် ကား showroom ဖွင့်ပြီးရောင်းတာမို့စီးပွားရေးကအဆင်ပြေသည်..။

တအောင့်ကြာသည့်အထိအလုံးကငိုတာမရပ်သေး...။

''ကလေး..အလုံးမငိုနဲ့တော့ ဗိုက်ထဲက ကလေးအတွက်မကောင်းဘူးလေ...''

''ဟင်..မမွန် အင့် ဘယ်လို အင့် သိလဲ..''

''အလုံး မေမေ မနက်ကလှမ်းပြောတာ အလုံးက ဒီသွားမယ်လို့ဖုန်းဆက်လို့တဲ့ ဂရုစိုက်ပေးလို့ရအောင်လှမ်းပြောတာ...အစာလည်းမဝင်ဘူးလားကလေးရယ်...ရိုးလေးလည်းမသိသေးဘူးမလား...''

ရိုးနာမည်ပါလာတော့မျက်စောင်းချီလာကာစူပုပ်ပုပ်ဖြင့်ပြောလာ၏။

''မပြောနဲ့..အဲ့လူကြီးအကြောင်း..''

''အောဟော်..ဟုတ်ပါပြီ..မငိုနဲ့တော့..ခေါင်က ဟင်းတွေချက်ထားတာမနည်းဘူး..များများစားရမယ်နော်...''

''ဆရာလေး..ဘာစားချင်လဲ...''

"ရှောက်သီးသုပ်..."

ခေါင်က ယောက်ချိူဇွန်းကြီးကိုင်ကာ ထွက်လာပြီးမေးတော့ မတုံ့မဆိုင်းဖြေလာသူကြောင့် နှစ်ယောက်လုံးရယ်မိသည်..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now