၃။အလုပ်ခွင်မှကြိုဆိုပွဲ

8.9K 861 24
                                    

Uni

နောက်တစ်နေ့စေ့စပ်ပွဲပြီးလို့ပြန်လာတော့ကားပေါ်တက်သည့်အထိမာမီကတတွတ်တွတ်..။

ခတ်ကတော့မျက်နှာတွေပျက်လို့..။

နှင်းခတ်မိုးဆိုသည့်ခတ်ကကျောင်းဆရာမလေးတစ်ယောက်ဖြစ်သလိုရိုးနှင့်စေ့စပ်ပေးဖို့စီစဉ်ထားသောမိန်းကလေးတစ်ယောက်ဖြစ်ပြီးမာမီ့အချစ်တော်ပင်..။

မာမီကသာသမီးချင်းထပ်အောင်ခေါ်ပြီးရေလာမြောင်းပေးနေပေမယ့်ရိုးကဘယ်လိုမှရင်မခုန်...။

ရိုးကိုယ်ရိုး ဘာဆိုတာကောင်ကောင်းသိသည်မို့ မျက်နှာပျက်စရာတွေကိုမာမီမလုပ်ရင်ကောင်းမည်...။

ဒယ်ဒီကတော့ယောက်ျားသားပီပီရိုးကိစ္စတွေမှာဝင်စွတ်ဖက်လေ့မရှိ...။

စေ့စပ်ပွဲအပြီးမနက်၁၀နာရီခွဲမှKမြို့ကထွက်လာသည်မို့နေ့လည်၁၂ခွဲတော့ဆေးရုံဆီရိုးပြန်ရောက်လေပြီ...။

ဆေးရုံပြန်ရောက်သည်နှင့်Kမြို့ပြန်လက်ဆောင်တွေဆရာမအားလုံးကိုဝေပေးလိုက်သည်..။

ရိုးဘယ်သွားသွားလက်အောက်ငယ်သားဝန်ထမ်းတွေအတွက်တစ်ခုမဟုတ်တစ်ခုပါအောင်ဝယ်လာတက်၏...။

ထို့ကြောင့်ဝန်ထမ်းတွေကလည်းသူပြန်လာတိုင်း ဆရာ စားစရာဘာပါလဲဟုလာမေးတက်တာကလေးတွေလို...။

အငယ်တွေဆိုပိုဆိုး....။ရိုးအားအကိုကြီးတစ်ယောက်လိုတွယ်တာကြသည်...။

လက်ဆောင်တွေ​ပေးပြီးဆေးရုံပေါ်ရောက်နေတုန်းလိုအပ်တာတွေလုပ်ပေးရန်နှင့်၀န်ထမ်းအချင်းချင်းမိတ်ဆက်ပေးရန်အတွက်ဆေးစပ်ဆရာလေးကိုခေါ်ခိုင်းလိုက်ပြီးဆရာမတွေduty ခန်းထဲမှာပဲထိုင်စောင့်နေလိုက်သည်။

"ဆရာ''

ခေါ်သံကြောင့်မော့ကြည့်လိုက်တော့ပုပုသေးသေးနှင့်ကလေးရုပ်ဖြင့်ကောင်လေးတစ်ယောက်ကလက်ကလေးနှစ်ဖက်ရှေ့ချပြီးယှက်ကိုင်ကာဘေးမှာရပ်နေ၏။

နက်မှောင်နေသောဆံပင်တို့ကိုဘေးခွဲကြောင်းခွဲကာအပေါ်လှန်တင်ထားပုံကလူကြီးမဆန်ပဲကလေးပုံစံသာဖြစ်နေသည်..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now