၂။အလုပ်ခွင်သို့ဝင်ရောက်ခြင်း

11.7K 950 33
                                    

Uni

နောက်တစ်နေ့၌တာဝန်ကျရာဆီအလုံးတို့သားအဖတတွေထွက်လာခဲ့၏..။

မေမေအသိတစ်ယောက်၏ကားကိုအပြတ်ငှား၍Nမြို့ဘက်ဆီစတင်ခြေဆန့်ခဲ့ကြသည်..။

ယောက်ျားလေးမို့သယ်စရာပစ္စည်းများများစားစားမပါလာပေ..။သေတ္တာတစ်လုံးနှင့်ဖြုတ်လို့တပ်လို့ရသည့်ကုတင်တစ်လုံးသာပါ၏..။

လက်ဆောင်ပေးစရာအဖြစ်မေမေတာဝန်ကျရာရွာဆီမှလက်ဆောင်ပေးလိုက်သောနဂါးမောက်သီးများနှင့်အလုံးတို့​Kမြို့မှထွက်သောနာမည်ကြီးမေရီချိုအာလူးကြော်ကိုအစပ်ရောအချိုရောဝယ်လာခဲ့သည်....။

စားစရာဆိုမှသတိရသွားတယ်ဗျ...။

တခြားလူတွေကအညာပီဇာဟုခေါ်ကြပြီးအလုံးတို့Kမြို့တ၀ိုက်မှလူတွေကတော့မုန့်ပျားသလပ်ဟုခေါ်သည့်အစားအစာတမျိုးသည်လည်း အလုံးတို့Kမြို့မှာပေါလှ၏။

တစ်မြို့လုံး၏လမ်းကြားတိုင်းတွင် ၄ဆိုင်မှ၅ဆိုင်အထက်ရောင်းသည့်ဆိုင်တွေရှိပြီးစားသုံးသူလည်းပေါလှ၏။

ဆန်ကြမ်းကိုရေနွေးနဲ့ရေအေးမျှအောင်ရောဖျော်ပြီးအိုးကင်းထဲထည့်ကာမီးများများဖြင့်ထိုးရခြင်းပင်..။

မုန့်ပျားသလပ်အိုးကင်းဟူ၍ဟင်းသောက်ပန်းကန်တစ်လုံးမျှပြန့်သည့်အရွယ်အစားမြေအိုးကိုအသုံးပြုကြပြီးတချို့ကတော့ရေအိုးအသေးစားကိုအပေါ်ပိုင်းဖြတ်ထုတ်ပြီးအောက်ခြေကိုအသုံးပြုကြ၏။

ဆန်ကြမ်းဖျော်ထားသည်အားအိုးကင်းထဲထည့်ပြီးကြက်ဥတစ်လုံးအားခလောက်ထည့်၍အာလူးကြော်အကြေ၊ပဲပင်ပေါက်၊ဆလပ်ရွက်၊ခါကြက်ဥစသည်ဖြင့်အရွက်စုံထည့်စားကြသည်လည်းရှိသလို ဆူးပုပ်ရွက်သီးသန့်ထည့်စားသူများလည်းရှိ၏။

ထို့အပြင်ကြက်ဥအားမခလောက်ပဲဟက်ဖရိုက်အနေဖြင့်ထည့်စားကြသူတွေလည်းအများအပြားပင်...။

အလုံးကတော့ ကြက်ဥခလောက်ပြီးအရွက်စုံထည့်စားရသည်ကိုအရမ်းကြိုက်သလိုဆူးပုပ်ရွက်ပါထည့်ပေးရင်ပိုကြိုက်၏။

တစ်ခါလောက်ဝယ်​​ကျွေးချင်ပါရဲ့...။

ကားသမားကGမြို့ဘက်လမ်းအတိုင်းသွားမည်ဖြစ်သဖြင့်ပုပ္ပါးသုံးထပ်လမ်းမကြီးဘက်ဆီသို့ဦးတည်ကာခရီးစတင်ခဲ့သည်..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now