၃၇။အလုံးဗိုက်ထဲဝင်အိပ်နေသူလေးတွေ

8.3K 699 14
                                    

Uni

ကိုယ်ဝန် ၆ လထဲရောက်နေပြီ..။

ကလေးပေါက်ကလေးတွေကကန်နေလိုက်တာများ ဘောလုံးကွင်းနဲ့မှားနေသယောင်...။

ဗိုက်ကလေးကိုင်ရင်း ကန်လိုက်လို့ပေါ်လာတဲ့ခြေရာလက်ရာလေးတွေကိုကြည့်ရတာက ကြည်နူးစရာ..။

နောက်တစ်ပတ်ထဲ ရိုးနဲ့ နှောင်းဝဿန်မေတို့ မဂ်လာပွဲရှိသည်..။

ခြံထဲမှာပဲ ပွဲလုပ်မှာဖြစ်တာကြောင့် ပြင်ဆင်နေရသည့်မာမီတစ်ယောက် ရိုးကို လှည့်မကြည့်နိုင်...။ရိုးလည်း အလုပ်ကိုဗန်းပြကာ ultrasound ရိုက်ဖို့ Mမြို့သို့ထွက်လာခဲ့သည်..။

အလုံးultrasound ရိုက်ဖို့ ကိုကြီးကသူ့သူငယ်ချင်းဖြစ်သူကိုအကူအညီတောင်းထားသည့်အတွက်ဒီကနေ့သည်ရက်ချိန်း..။

ယောကျ်ားလေးကိုယ်ဝန်ဆောင်ဖြစ်တာကြောင့်ပတ်ဝန်းကျင်ကဲ့ရဲ့ကြမှာမလိုလားပေ..။

ထို့ကြောင့်ကိုကြီးသူငယ်ချင်းက နေ့လည်ပိုင်း ပိတ်ကာ သီးသန့် Ultrasound ရိုက်ပေးမည်ဟုဆိုသည်..။

မနက် ၇နာရီလောက်ကတည်းကအလုံးကို၀င်ခေါ်ပြီး ခပ်စောစောထွက်လာခဲ့ကြသည်....။အလုံးတို့နဲ့အတူ ပါလေရာငပိချက် အလှလေးတို့အတွဲလည်းလိုက်ပါလာလေသည်..။

ကားနောက်ကြည့်မှန်ကနေ နောက်ကအတွဲဆီလှမ်းကြည့်မိတော့ အလုံး ခပ်ကျိတ်ကျိတ်ရယ်မိသည်....။

အလုံးတို့တောင် အဲ့လောက်မကဲဘူး..။

တကယ်မနိုင်ဘူး....မနိုင်ဘူး...။

ရိုးကားနောက်ကြည့်မှန်ကနေ နောက်ထဲလှမ်းကြည့်ပြီး ခေါင်းယမ်းကာ အသံတိတ်ရယ်နေသူ၏ခေါင်းလေးပွတ်လိုက်ကာပြောလိုက်၏။

''သဘောတွေကျနေတယ် ဟုတ်လား အသက်..''

''အင်း..အင်း..အဲ့လောက်ကြီး ချစ်ကြတာ ကျေနပ်စရာကြီးပဲလေ...''

ရိုးနောက်ထဲ လှမ်းကြည့်လိုက်တော့ ဘဉာဏ်က သူ့ပေါင်ပေါ်ခေါင်းချပြီးအိပ်နေသောဘိုးဘိုးကို နဖူးလေးနမ်းလိုက်..ပါးလေး နမ်းလိုက်...ဆံပင်လေးသပ်တင်ပေးလိုက်...လက်ကလေးဆွဲနမ်းလိုက် အလုပ်ရှူပ်နေသည်..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now