၆။လိပ်ပြာလုံစွာလမ်းခွဲခြင်း

8K 822 8
                                    

Uni

အကိုနဲ့ဖုန်းအဆက်အသွယ်မရတာဒီနေ့ဆို ၇ရက်ပြည့်ပြီ....။

မျက်နှာချင်းဆိုင်ရှင်းပြီးနောက်ရက်ဖုန်းထဲကနေတစ်ယောက်တစ်ခွန်းစကားများပြီးကတည်းက အဆက်အသွယ်မရတော့တာအခုထိ..။

အလုံးလည်းကိုယ့်အမှားမဟုတ်တာမို့အလျော့ပေးချင်စိတ်မရှိ...။

ချစ်သူသက်တမ်းတစ်လျှောက် အလုံးကသာ အရာရာနားလည်ပေးအလျော့ပေးခဲ့ရသည်ကြည့်သာ...။

ခဏခဏဆိုတော့ ရောင့်တက်လာသည်...။

ငါမရှိရင်မနေနိုင်ဘူးလို့အတွေးဝင်ရင်မှားပေမပေါ့....။သူကဘာသားနဲ့ထုထားလို့မာန်တက်နေရတာလဲ...။

စတိုဟောင်းထဲကဆေးတွေဆေးရုံအသစ်ပေါ်ကစတိုအသစ်ထဲပြောင်းတော့မှာမို့လိုအပ်သည့်ဆေးစင်တွေထည့်ဖို့တပ်ဆင်နေရ၏...။

အလုံးကစိတ်မပျော်ရင်အလုပ်ဖိလုပ်တက်တာအရင်ကတည်းကဖြစ်သလို မစားမသောက်နဲ့မနားမနေလုပ်တာအကျင့်တစ်ခုပင်...။

အခုလည်းတစ်ယောက်တည်းမ,နိုင်တာ,မ၊စင်တွေကိုမူလီတွေတပ်တဲ့ဟာတပ်ဖြင့်အလုပ်ရှာလုပ်ပြီးစိတ်နှစ်ထားမိသည်...။

ဆေးစင်တစ်စင်တပ်ဆင်လို့ပြီးသွားပြီမို့လက်ကနာရီမြှောက်ကြည့်မိတော့ နေ့လည် ၁နာရီပင်ခွဲနေပြီ..။အခုထိအလုံးဗိုက်ထဲအစာဘာမှမဝင်သေး...။

တားမြစ်ထိန်းချုပ်ဆေးတွေထည့်ဖို့အံဆွဲပါဗီဒိုတစ်လုံးနှင့်ဆေးစင် ၃ စင်အပြင်ကာကွယ်ဆေးတွေထည့်ဖို့ရေခဲသေတ္တာစသည်ဖြင့်နေရာတကျထားနိုင်ရန်စီစဉ်နေရသည်မို့ယားလို့ပင်မကုတ်နိုင်ရှာ။

အလုံးရဲ့ရာထူးသည်ဆေးစတိုထဲကဆေးတွေကို ဆရာမတွေလိုအပ်ရင်လိုအပ်သလိုတောင်းလာပါကဆေးတောင်းခံလွှာဖြင့်စနစ်တကျထုတ်ပေးဖို့ရန်အတွက်ဖြစ်ပြီးအဆိပ်ဖြေဆေး၊ကာကွယ်ဆေးတချို့ကိုလည်းလိုအပ်ပါကဋ္ဌာန၏ဆေးသိုလှောင်ရေးထံသွားရောက်ထုတ်ယူပေးရသည်..။

ဆေးရုံမှာလည်းဆေးပေးခန်းကိုတာ၀န်ယူရပြီးဆရာ၀န်၊ဆရာမတွေရေးကာညွှန်ကြားလိုက်သည့်ဆေးအားလူနာတွေလက်ထဲအရေအတွက်တိတိကျကျထည့်ပေးရသလိုသောက်ပုံသောက်နည်းကိုလည်းရေးပေးရှင်းပြပေးရ၏။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now