၂၃။ဒေါ်ပိုးစံထားရဲ့ ပထမဆုံး lesson

5.6K 612 8
                                    

Uni

နေ့လည်၂နာရီခွဲတော့ Kမြို့ပြန်ရောက်လေပြီ..။

အလုံးအိမ်ကိုအရင်ဝင်ကာပစ္စည်းတချိူ့နဲ့ဘဉာဏ်ကိုအိမ်မှာထားခဲ့ရသည်..။

ဘဉာဏ်နေဖို့ရှင်းပေးထားသောအိမ်ရှေ့ခန်း၌ပစ္စည်းတွေထားပေးခဲ့ပြီးဖေနဲ့မေကိုအလွမ်း၀အောင်သယ်ကာညနေပိုင်းမရောက်တရောက်အချိန်မှကိုကြီးတို့အိမ်ထွက်လာခဲ့သည်..။

''တီ...တီ....''

ကားဟွန်းသံကြားသည်နှင့်ခြံစောင့်ကအပြေးလာဖွင့်ပေးသည်..။

အိမ်ရှေ့ဆင်၀င်အောက်မှာတော့ သူတို့အလာကိုစောင့်နေကြသည်ကလူစုံတက်စုံ..။ဒါပေမယ့်တစ်ယောက်သောသူတော့မပါချေ..။

ဆင်ဝင်အောက်ကားရပ်လိုက်ပြီး ကားပေါ်ကဆင်းတော့ဒယ်ဒီကရိုးကိုပွေ့ဖက်လာ၏. ။

ခခကတော့အလုံးဆီပြေးလာလေရဲ့..။

ရိုး မာမီကိုဝေ့ရှာရင်းမေးလိုက်၏။

''ဒယ်ဒီ မာမီရော....''

''ရှိပါ့ရှင်...မာမီက သားတို့ပြန်လာမယ်ဆိုလို့ ဟင်းချက်နေတာ...အိုက်ဂူး မာမီ့သားလေး...လွမ်းနေရတာ....''

အသံနဲ့အတူအိမ်ထဲကနေ ပြုံးတုံ့တုံ့မျက်နှာဖြင့်ထွက်လာသည့်ဒေါ်ပိုးစံထားကသားဖြစ်သူအား အားပါးတရပွေ့ဖက်လိုက်ရင်းသားကြီးဘေးနားမှာ ခေါင်းလေးငုံ့ကာရပ်နေသောသားရဲ့ခင်ပွန်းကို ပြုံးကြည့်လိုက်၏။

''ခေါင်းမော့ပါသားရဲ့ အရင်လိုပဲနေပါ....''

သူမအသံကြားတော့မယုံနိုင်သည့်မျက်၀န်းလေးဖြင့်ဆတ်ကနဲမော့ကြည့်လာသည်..။

''အာ..ဟုတ် အန်တီ...အရင်ကအဖြစ်တွေအတွက် အလုံးကပဲတောင်းပန်ပါတယ်...''

''မဟုတ်တာ..အန်တီလည်းဆိုးခဲ့တာပဲကို..ကဲလာ အထဲဝင်ကြရအောင်..မောင်ဝင်းရှိန်ရေ ပစ္စည်းတွေကို မင်းအကိုလေးအခန်းထဲထည့်ပေးလိုက်...လာ သားလေးမာမီတို့ကအေးဆေးစကားပြောကြတာပေါ့....''

ရိုး သားမက်ဖြစ်သူကို လက်ဆွဲခေါ်သွားသော မိခင်ဖြစ်သူကို ကြည့်၍ပျော်နေမိသည်။

ဒီလိုလေးပဲမြင်ချင်တာမို့သူကျေနပ်ပြီ..။

အဝေးရောင်နေချိန်ဖြစ်သမျှကြုံသမျှအဖြစ်အပျက်တွေကိုစားမြုံ့ပြန်ပြောကြရင်းသဘောတကျရယ်မောနေကြသည်မှာမြင်ရသူပင်ကြည်နူးလောက်ပေသည်...။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now