၃၂။နေခဲ့ကြတော့😕

6.5K 627 19
                                    

Uni

''ဟလို အကိုကြီး''

''အင်း..အခြေအနေဘယ်လိုလဲ ''

''နှောင်းလေး ရောက်နေတော့ ထင်သလောက်အလုပ်မဖြစ်ဘူး အကိုကြီး...သမီးလေးထိမှာစိုးရတယ်..''

''အေး စာချုပ်က သူတို့အခန်းထဲပဲသိမ်းထားတာပဲဖြစ်မှာ....သမီးလေးလည်းကူရှာပေးလိမ့်မယ်..အဲ့ဒါမရရင်အကိုကြီးတို့နေနေတဲ့အိမ်ကိုအပ်လိုက်ရတော့မှာနော်...လင်မယားနှစ်ယောက်လုံးရော ဟိုအခြောက်ရောသေမှ ဒေါက်တာရိုးမြေကျကိုသမီးလေးရအောင်ယူနိုင်မှာ..နောက်ပြီးအမြင့်ယောကျ်ားလို့ ဟန်ဆောင်ပြောခိုင်းထားတဲ့ ဝင်းရှိန်ကိုလည်းသတိထားအုံး..သူ့ညီမလေး နဲ့ အကိုကြီး အကျပ်ကိုင်ထားရတာ...ဒီကောင်ကယုံစားလို့မရဘူး..''

''စိတ်ချပါ...သူကအမည်ခံပါပဲ...ဘာမှပေးမသိထားဘူး..အလုပ်သမားအဆောင်ထဲရောက်ရင်တောင်ခွဲအိပ်တာမို့...ဒါနဲ့အကိုကြီး အမြင့်ကို ဒါပြီးရင်တရားဝင်ကြေငြာပေးနော် သမီးလေးနဲ့လည်းတူတူနေချင်ပြီ...အစ်မကြီးကလည်းလေဖြတ်နေတာမဟုတ်လား...အကိုကြီးအနားနေပြီးအမြင့်ကပြုစုပေးချင်ပြီ''

''စိတ်ချပါ အကိုကြီးက အမြင့်ကိုပဲ ချစ်တာသိရက်နဲ့...အမြင့်အစ်မကြီးလည်း သေသင့်နေပြီ...အသက်ကပြင်းလိုက်တာ...ကဲပါ ဒါတွေအသာထား..အကိုကြီးစိတ်ချမယ်နော်...''

''အင်း.အကိုကြီး...''

ဖုန်းချပြီးနောက်သဘောတကျဖြင့်တဟင်းဟင်းရယ်နေသောမနီမြင့်မျက်နှာကကျေနပ်နေဟန်အတိ။

သူမ ဒီဇာတ်လမ်းကိုအဆုံးသတ်ရမည်..။

သူမဒီအိမ်ကြီးထဲမှာ သခင်မဖြစ်ပြီး သမီးလေး နှောင်းဝဿန်မေ နဲ့တူတူနေခွင့်ရချင်ပြီ..။

သူမအရွယ်ရောက်ကတည်းကအစ်မဖြစ်သူ၏လင်ယောကျ်ားရဲ့ခြေတော်တင်ခံခဲ့ရပြီးမယားငယ်အဖြစ်နေတိတ်တိတ်ပုန်းဘ၀ဖြင့်နေခဲ့ရ၏။

ထို့နောက်သမီးလေးကိုယ်၀န်ရတော့လည်းတိတ်တိတ်ပုန်းသာမွေးလိုက်ရပြီးသားသမီးမရတဲ့ အစ်မကြီးကိုစိတ်ဖြေသိမ့်ပေးလိုသဖြင့်အကိုကြီးကမွေးစားစေခဲ့ပြန်သည်မို့ သွေးသားရင်းသမီးလေးကိုအဝေးကနေသာချစ်ခဲ့ရပြန်သည်..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now