၂၇။တရားဝင်မိတ်ဆက်ခြင်း

5.8K 650 5
                                    

Uni

ဒီရက်ပိုင်းတွေမှာ ပါတီပွဲအတွက် လိုအပ်တာတွေစီစဥ်နေရတာမို့ ယောက္ခမဒေါ်ပိုးစံထား တစ်ယောက် အလုံးကို ဖိအားမပေးနိုင် ပညာမပြနိုင်ဖြစ်နေသည်..။

ဘိုးဘိုးကြင်နာသော ရှိနေတာကြောင့်လည်းဆင်ခြင်နေပုံရ၏..။

ဘိုးဘိုးက အလုံးကို သူ့အနားမှာသာခေါ်ထားပြီး သူ့ကိုစာဖတ်ပြခိုင်း သူ့ရဲ့ဝေရာဝစ္စတွေလုပ်ခိုင်းထားပြီးအဖော်ပြုနေစေသည်..။

ဒါတောင် ယောက္ခမဖြစ်သူကလစ်ရင်လစ်သလိုအလုပ်လုပ်ဖို့လာခေါ်ခိုင်းသေးသည်...။

ဘိုးဘိုးက သူလိုအပ်လို့ခေါ်ထားတာလို့ပြောလိုက်မှငြိမ်သွားသည်..။

ဘိုးဘိုးကိုတော့ ယောက္ခမက ကြောက်ရဟန်တူသည်...။
...........

ပါတီပွဲနေ့ ...

အလုံးမိဘတွေကို ကိုကြီးကိုယ်တိုင်သွားခေါ်လာတာမို့ ရောက်လာသည်နှင့်အပြေးကလေးဆီးကြိုကာနေရာချပေးလိုက်သည်..။

''ဖေနဲ့မေ ထိုင်အုံးနော် သား ဘိုးဘိုးကိုသွားခေါ်လိုက်အုံးမယ်...''

ပြောပြောဆိုဆို လှစ်ကနဲ ထွက်သွားသော သားဖြစ်သူကို ဒေါ်လုံးလုံးတင် ပြုံးကြည့်နေမိသည်..။

''ဖေကြီး..ကျွန်မတို့သားက လူလိုသူလို ဝတ်ထားတော့ ချစ်စရာလေးပဲ...''

''ဟုတ်ပါ့...''

ဆင်စွယ်ရောင်ရှပ်ပေါ်မှာ မိုးပြာရောင်ဖဲသားကုတ်ကလေးထပ်ဝတ်ထားပြီး မိုးပြာရောင် ဘောင်းဘီရှည်လေးနဲ့တွဲဝတ်ထားသည်မှာ လူကြားထဲ၌တင့်တင့်တယ်တယ်ဖြင့်ထင်းရှင်းနေသည်။

''ဖေနဲ့မေ အေးဆေးနားပါအုံးနော်..သားလိုက်ဧည့်ခံလိုက်အုံးမယ်''

သမက်ဖြစ်သူကခွင့်တောင်းလာသည်မို့ ဦးကျော်ကြားဦးလက်အသာကာပြလိုက်၏။

''အေးအေး..ရတယ်သွား..သား...ဖေတို့ကဧည့်သည်မှမဟုတ်တာ...''

''အလုံးရော...ဖေ ''

''သားဘိုးဘိုးကို သွားခေါ်နေတယ်...မိတ်ဆက်ပေးဖို့ဆိုလား...''

''အာ..ဟုတ်သား..ခဏလေး မာမီတို့နဲ့လည်း မိတ်ဆက်ပေးအုံးမယ်...''

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now