Uni
အလုံးဆေးကောင်တာထိုင်ကာ ဖုန်းသုံးနေတုန်းဘေးနားဝင်ထိုင်လာသူကြောင့် မော့ကြည့်လိုက်တော့အစ်မမွန်လေးကပြုံးစစဖြင့်ကြည့်နေ၏။
"ဟော..မမွန်...အားပြီလား...''
''အင်း...အလုံးကိုပြောစရာရှိလို့...မမွန်နဲ့ခဏလိုက်ခဲ့..''
အလုံး မမွန်မျက်နှာလေးငေးကြည့်နေသည်..။
အလုံးတို့မတွေ့ရသည့်နောက်ပိုင်း မမွန်တအားလှလာသည်..။
ဝိတ်ကိုလည်းအသည်းအသန်ချနေတာမို့ ဇွဲရှိသူပီပီ အချိူးအစားကျလာသည်..။
အမ်း..အပျိူကြီးတော့ဘာလား..ထူးတော့ထူးနေပြီ.။
''ဟဲ့..အလုံး..''
''ဪ..အင်းအင်း...သွားမယ်လေ...''
နှစ်ယောက်သားဆေးရုံဘေးကအအေးဆိုင်သို့ထွက်လာခဲ့ကြ၏..။
''ဘာသောက်မလဲ..အလုံး..''
''အာ..ကော်ဖီအေးပဲ..''
''ကော်ဖီအေးသုံးခွက် ကလေး..''
ဝိတ်တာလေးက စာရင်းမှတ်ပြီး ထွက်သွားသည်..။
''ဟမ်..ဘယ်သူလာအုံးမှာမလို့လဲ...''
''ကိုယ်လေ...''
အေ...အလုံးလှည့်ကြည့်လိုက်တော့စပ်ဖြီးဖြီးရယ်ပြလာသူကရင်းနှီးနေသောမျက်နှာဖြစ်နေပြန်၏။
အခုတစ်လော အလုံးကံဆိုးနေသည်ထင့်..။မိတ်ဟောင်းဆွေဟောင်းတွေပြန်ဆုံလွန်းလှသည်..။
''လာထိုင်...ခေါင်''
အလုံးမမွန်ဘေးဝင်ထိုင်လိုက်သူကို ကြည့်လိုက်ပြီးတစ်စုံတစ်ခုကိုသဘောပေါက်သလိုလို..။
အဟင်း....မရိုးဘူး..မရိုးဘူး..လုံးဝမရိုးဘူး..။
''ကဲ..ရှင်းပါ...ဒီကိုလာတာရိုးရိုးတော့မဟုတ်ဘူးမလားခေါင်းကွဲလူနာ...''
''အာ...ဆရာလေးရာ...ကျွန်တော့်နာမည် နေထွဋ်ဖျားခေါင် ပါဗျာ...တစ်ခုခုခေါ်ပါ..အဲ့နာမည်ကြားရင်း ကြက်သီးထတယ်..တကယ်...''
ကြောက်လန့်ဟန်ဖြင့်တွန့်ပြတော့မကျေမနပ်ပြောပစ်လိုက်၏။
YOU ARE READING
တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)
Romanceဒုတိယ မြောက် fic... ဆရာဝန်လေးနဲ့ဆေးစပ် Compounderဆရာလေးတို့ရဲ့ချစ်ဇာတ်လမ်းလေး... အားပေးမယ်မဟုတ်လား...