၁၈။ထန်းရည်ချိူသောက်ပြီးမူးသော ရိုး

6.2K 688 16
                                    

Uni

ဒီနေ့ဆိုရင်အလုံးတို့နှစ်ယောက်ကျောက်တောကုန်းရွာရောက်တာ ၅ရက်ပင်ပြည့်ချေပြီ။

အချိန်တွေရွေ့လာသည်နှင့်အမျှ အလုံးတွေးပူနေသောစိုးရိမ်စိတ်တွေကအပိုဆိုတာ ကိုကြီးအနေဖြင့်လက်တွေ့သက်သေပြခဲ့၏..။

ပင်ပန်းတာမှန်သမျှ အလုပ်မှန်သမျှကိုကြီးကတစ်ယောက်တည်းဒိုင်ခံအကုန်လုပ်သည်..။အလုံးမှာယောင်လို့မျှမထိရ..။

အလုပ်အကိုင်အတွက်နှစ်ယောက်သားစတင်မိသည်ကမိမိတို့နှစ်ယောက်သားတက်ကျွမ်းရာပညာကိုအသုံးချသည့်အလုပ်ဖြစ်တာကြောင့်အဘပွေးတို့ အိမ်အောက်ထပ်ကတော့ လူနာကြည့်သည့်ဆေးခန်းဖြစ်သွားခဲ့ပါသည်...။

ဌာနအနေဖြင့် ကင်းကွာ ၆ လဖြစ်တာမို့ဒီရွာမှာအဆင်ပြေရင်အလုပ်ပြန်ဝင်ဖို့မစဥ်းစားတော့ဟုနှစ်ယောက်သားဆုံးဖြတ်ထားကြသည်..။

ကိုကြီးကလည်း သူ့လစာတွေကိုမသုံးပဲ အရင်ကတည်းက စုထားသူမို့ ငွေအနည်းငယ်အလုံးတို့လက်ထဲပါလာခဲ့သည်။

လုပ်ငန်းလုပ်ဖို့စဥ်းစားတဲ့အခါ ရပ်ရွာအနေဖြင့်ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်း လိုအပ်ရာနေရာမို့ အလုံးရော ကိုကြီးရော ဒီလုပ်ငန်းကိုရွေးလိုက်ကြခြင်းပင်ဖြစ်သည်..။

အစကတော့ဆေးခန်းရယ်လိုမလုပ်ဖြစ်သေးတော့ ကျန်းမာရေးအားကိုးအားထားမရှိခဲ့ကြသူတွေပီပီသာမာန်ဖျားနာခေါင်းကိုက်ရောဂါအတွက်ဆေးလာတောင်းကြတဲ့အခါကိုကြီးကစာရေးပေးပြီးမြို့ဆေးဆိုင်ဝယ်သောက်ခိုင်းရ၏။

ထိုသို့အခြေအနေမှတဖြည်းဖြည်းရွာပတ်လည်အနီးနားရွာတွေကပါအားကိုတကြီးလာပြကြတော့ အရေးပေါ်ဆေးသုံးရန်အတွက်အလုံးက ဆေးနည်းနည်းဝယ်တင်ထားလိုက်၏။

ထို့ကြောင့်ဆေးလေးအနည်းငယ်ရဖို့မြို့ဆီ​အပြေးမသွားကြရတော့အချိန်ကုန်လူပန်းဖြစ်စရာမလိုတော့ပဲအဆင်ပြေလှ၏။

ထို့နောက်ရွာသားတို့၏အပူကပ်မှုကြောင့်ရွာလူကြီးက ဆေးခန်းဖွင့်ဖို့တောင်းဆိုလာသည်မို့လုပ်ငန်းအခြေချဖို့ဆုံးဖြတ်လိုက်ရသည်..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now