၂၀။အိမ်ပြန်လမ်းဆီ

5.7K 649 3
                                    

Uni

သမီးလေးမွေးပြီးနောက်အိမ်ထောင်ကျပြီးနှစ်ယောက်တည်းသာခွဲနေသည့်အိမ်မှာမနေတော့ပဲ အဘွားရှိရာစံအိမ်ဆီပြန်လိုက်လာခဲ့သည်...။

လူအများကြားဘယ်မှမသွားတော့ပဲအိမ်ထဲမှာသာသမီးလေးကိုအဖော်ပြုနေရင်းပတ်ဝန်းကျင်လူတိုင်း၏ကဲ့ရဲ့မှူကိုခါးစီးခံရပြန်သည်...။

လူတိုင်းရဲ့ပါးစပ်ဖျားမှာ ကြင်နာသောရဲ့အကြောင်းကိုတိုးတိုးတစ်ခါ ကျယ်ကျယ်တဖုံဝေဖန်ပြောဆိုနေကြောင်းကိုလည်း ပြန်ကြားနေရ၏....။

ကြင်နာသောတစ်ယောက် ရုပ်ဆိုးလို့ ယောကျ်ားဖြစ်သူက ထားသွားတယ် ဆိုတဲ့အသံတွေ အစကတည်းက မလိုက်ဖက်တာသိရက်နဲ့ စားရရုံကြံတယ်ဆိုတာတွေ..အို စုံနေရောပဲ..။

ဒါလိုအပြောတွေကို ကြင်နာသောအနေနဲ့ စိတ်မညစ်ခဲ့ပေ...စိတ်ထဲလည်းမထားခဲ့ပေ...။

သူ့ယောကျ်ားဘယ်လိုအကြောင်းမျိုးနဲ့ပဲထားခဲ့ထားခဲ့ ဖောက်ပြန်သွားတာဖြစ်လို့ ကြင်နာသောစိတ်ထဲမှာသေစာရင်းသွင်းပြီးသား..။

ကြင်နာသောအနာကျည်းဆုံးကထိုသို့သောဖောက်ပြန်ခြင်းဖြစ်တာမို့ ခွင့်လွှတ်ပေးဖို့မရှိ..။

ရုပ်ဆိုးလို့ပဲထားထား ဘာပဲဖြစ်ဖြစ် သူ့မှာသမီးလေးရှိသေးသည်မို့အားတင်းရမည်မဟုတ်လား..။

သမီးလေးပိုးစံထား တစ်နှစ်ခွဲရောက်တော့ မကြီးလိမ္မာသောတစ်ယောက် လူမျိူးကွဲတစ်ဦးနဲ့အိမ်ထောင်ပြုကာ စင်ကာပူကိုအပြီးလိုက်သွားခဲ့သည်..။သို့ပေမယ့် အဆက်အသွယ်မပြတ်ခဲ့ကြ..။

သမီးလေး ၃နှစ်လမ်းစလျှောက်ပြီးမပီကလာ ပီကလာဖြင့်စကားတစ်လုံးစနှစ်လုံးစ စပြောပြီ..။မလတ် ယဥ်ကျေးသော ကစိန်တိုက်ကိုဦးစီးတော့ ဘွားကစီးပွားရေးကနေအနားယူခဲ့သည်..။

ဉာဏ်ပြည့်တို့ဖက်က သူတို့သားအမှားဟုဆိုကာ သမီးလေးအတွက် Healthy Life ဆေးရုံကိုအမည်ပေါက်လွှဲပြောင်းပေးခဲ့သည်..။

ကြင်နာသော လက်ခံခဲ့သည်..။

လက်ညိုးထိုးခံရ...အတင်းပြောခံရ...မျက်နှာငယ်ခဲ့သမျှ ရသင့်သလောက် သမီးလေးအတွက်သူ ပြန်ယူရမည်..။

တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ်S1(M Preg)(Completed)Where stories live. Discover now