အပိုင်း ၁

14.6K 547 5
                                    

Unicode
  
           နန်း​တော်တမျှ ခမ်းနားထယ်ဝါလှ​သော
စံအိမ်​တော်ကြီးတခုအတွင်း အ​​စေခံများအားလုံး
ပျားများသဖွယ် အလုပ်များလျှက်ရှိကြသည်။ အိမ်​တော်ကြီး အရှင်သခင်များဖြစ်ကြ​သော ဝမ်သခင်ကြီးနှင့် ဝမ်သခင်မကြီးတို့၏ ချစ်သည်းသက်ညှာ​လေး ..ဝမ်သခင်​လေး၏ ၅နှစ်ပြည့် ​မွေး​နေ့မင်္ဂလာပွဲဖြစ်​သော​ကြောင့် စံအိမ်ဝင်းအတွင်းမှာပဲ အခမ်းနားဆုံးဖြစ်​အောင်ပြင်ဆင်​နေကြခြင်းဖြစ်တယ်။ တရုတ်နိုင်ငံတခုလုံး၏ အချမ်းသာ အကြွယ်ဝဆုံး အိမ်​တော်ဖြစ်တာမို့ တကယ့်ကို မင်းစိုးရာဇာအခမ်းအနားတခုသဖွယ် ပြင်ဆင်​နေရတာ​ကြောင့် ည​နေ ပိုင်းမှကျင်းပမယ့်ပွဲကို မနက်မိုးလင်း
ကတည်းကပင် ပြင်ဆင်​နေကြရခြင်းဖြစ်သည်။

      တ​နေကုန် ပြင်ဆင်လို့ပြီးသွားတဲ့အခါ ​မွေး​နေ့ပွဲချိန်ခါ​ရောက်လာ​ခဲ့ပြီ။ အသိုင်းကြီး အဝိုင်းကြီးကပွဲမို့ ဧည့်သည်​တွေကလည်း တကယ့်ဒိတ်ဒိတ်ကျဲ​တွေ
ကြည့်ပဲ။ ဒီ​နေ့ပွဲရဲ့ အဓိက ဇာတ်လိုက်မင်းသား​လေးက​တော့ အနီ​ရောင် suit ကို ​သေသပ်စွာဝတ်ဆင်ထားပြီး ထိုင်ခုံတခု​ပေါ်မှာ ငြိမ်သက်စွာပဲထိုင်​​နေတယ်။ ဖြူဝင်းတဲ့အသား​ရည်နဲ့ ​ဖောင်းကား​နေတဲ့ပါးမို့မို့နှစ်ဖက်က ကိုက်ဆွဲချင်စရာပဲ။ ဒါ​ပေမယ့် အသက်၅နှစ်နဲ့မလိုက်​အောင် တည်တင်း​နေတဲ့မျက်နှာ​လေး​ကြောင့် ဧည့်သည်​တွေက လက်က​လေး​တောင်မထိရဲဘူး။ ဝမ်သခင်​လေးက အရွယ်နဲ့
မလိုက်အောင် အရှိန်ဝါကြီးလွန်းတယ်မလား။

     ခမ်းနားလွန်းတဲ့​မွေး​နေ့ပါတီ ပြီးတဲ့အချိန်က ည၉နာရီ​တောင်​ကျော်​ပေါ့။ ရိ​ပေါ်​လေး အိမ်ထဲဝင်လာ​တော့ ဧည့်ခန်းက ဆိုဖာ​တွေနားမှာ ကျုံ့ကျုံ့​လေးထိုင်​နေတဲ့ ​ကိုကိုတ​ယောက်ကို​တွေ့လိုက်ရသည်။
*ဒီကိုကိုက ယုန်ကလေးနဲ့တူလိုက်တာ*
ရိ​ပေါ်က လက်​လေး၂ဖက်ကို​နောက်ပစ်ရင်း စူးစူးရဲရဲကြည့်ကာ စူးစမ်း​နေ​လေရဲ့။

    ​ရှောင်းကျန့်လေး ဒီအိမ်ကို​ရောက်တာ ၁၂နာရီ​လောက်ရှိပြီ။ မနက်ကတည်းက​ရောက်​ပေမယ့်
အန်တီရှင်းက အလုပ်အရမ်းရှုပ်​နေတာမို့ အလုပ်သမားတန်းလျားမှာပဲထားခဲ့တာ။ တ​နေကုန်ထိုင်​​စောင့်​နေ​ပေမယ့်, ​နေ့လယ်က ​ပေါက်စီ​လေးတလုံးလာပို့သွားပြီး ဘယ်မှမသွားဖို့မှာကာ ပြန်ထွက်သွားတယ်။ ည၉နာရီထိုး​ခါနီး ​ရှောင်းကျန့်​လေးငိုက်​နေတဲ့အချိန်ကျမှ သခင်မကြီး​ခေါ်​နေတယ်ဆိုပြီးလာ​ခေါ်လို့ ဒီအိမ်ထဲ​ရောက်​နေတာ။ အိမ်ကလည်း ကြီးလွန်းလို့ ​နန်း​တော်ကြီးလား​အောက်​မေ့ရသည်။​

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now