အပိုင်း ၄

4.3K 395 1
                                    

Unicode
 
   "သခင်​လေး ကြိုက်တဲ့ဟာကို​ရွေးပါ"
အိမ်​တော်ထိန်းက  Tablet နဲ့ လွယ်အိတ်ပုံစံမျိုးစုံကိုပြ​​​နေသည်။ သခင်​လေး​ကျောင်းတတ်​တော့မှာမို့ ​ကျောင်းတတ်ရင်လိုအပ်မယ့် ပစ္စည်း​​လေး​တွေ ဝယ်ဖို့ထင်ပါရဲ့။

    သခင်​လေးက​တော့ မျက်နှာတည်တည်နဲ့သာ အိမ်​တော်ထိန်းပြတဲ့ပုံ​တွေကိုကြည့်​နေသည်။ သခင်​လေးကိုကြည့်ရတာ ဘယ်ဟာကိုမှ လိုချင်တဲ့ပုံမ​ပေါ်တာ​ကြောင့်...

"ဟို​လေ..အိမ်​တော်ထိန်းကြီး..သားတခု​လောက်​ပြောလို့ရလား "

​ရှောင်းကျန့်​လေးက အိမ်​တော်ကို​ရောက်တာ ရက်ပိုင်းပဲရှိ​သေးတယ်ဆို​ပေမယ့် လိမ္မာ​ရေးချားရှိတဲ့က​လေးမို့ အိမ်​တော်က အလုပ်သမား​တွေက ချစ်ကြပါသည်။

"​ပြော​လေ ..သားကျန့်"

" သခင်​လေးက ပုံကိုကြည့်ပြီး​ရွေးရတာ စိတ်တိုင်းမကျသလိုပဲ..သားတို့ဆိုင်မှာသွားဝယ်လိုမရဘူးလား"
​ရှောင်းကျန့်စကား​ကြောင့် သခင်​လေးက ​ရှောင်းကျန့်ကို ကြည့်လာ​ပေမယ့်, ဘာစကားမှ​တော့မဆိုဘူး။

"မရဘူးကွယ့်, သခင်​လေးကိုအပြင်ထွက်ခွင့်မ​ပေးထားဘူး"

"ဟို..အိမ်​တော်ထိန်းကြီးလည်း လိုက်ခဲ့​လေ, ​ဘော်ဒီဂတ်​တွေပါ​ခေါ်သွားမယ်​လေ..​နော်..​နော်...သခင်မကြီးကို​ခွင့်​တောင်း​ပေးပါ​နော်.." ​
သူ့စကား​ကြောင့် အိမ်​တော်ထိန်းကြီးက ​တွေ​ဝေသွားပြီး..

"သခင်​လေး..ဆိုင်မှာ ကိုယ်တိုင်​​ရွေးချင်သလားရှင့်"
သခင်​လေးက ခဏစဥ်းစားပြီး​တော့ ​ခေါင်းကိုငြိမ့်ကာ..

"အင်း..."

သူမအ​နေနဲ့လည်း ဒီသခင်ငယ်​လေး​ပျော်တာကိုပဲ မြင်ချင်တာမို့ သခင်မကြီးကိုအရဲစွန့်ပြီး​တောင်းဆိုကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဒါဆို ကျမ သခင်မကြီးဆီ ဖုန်းဆက်ပြီးခွင့်​တောင်းကြည့်ပါ့မယ်"

"အင်း.."

သခင်​လေးက စိတ်လှုပ်ရှား​နေတယ်ထင်ပါရဲ့ အင်္ကျီအနား​လေးကို ခပ်တင်းတင်း စုတ်ကိုင်ထားသည်။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now