အပိုင်း ၂၈

3.5K 300 13
                                    

Unicode

ရိ​ပေါ်တို့၂​ယောက်​အောက်ကိုဆင်းလာ​တော့ အန်တီရှင်းက စားပွဲဝိုင်းတစ်ခုမှထိုင်​နေတဲ့ အမျိုးသမီးကိုလက်ညှိုးထိုးပြသည်။ ထိုအမျိုးသမီးက ရိ​ပေါ်တို့ဘက်ကို ​နောက်​ကျော​ပေးထားတာမို့ ဘယ်သူ, ဘယ်ဝါမှန်းမသိပါ။ ရိ​ပေါ်က ကိုကို့ကို လှည့်ကြည့်​တော့ ကိုကိုကလည်းမသိဘူးဆိုတဲ့ပုံစံနဲ့ပြန်ကြည့်သည်။

ရိ​ပေါ်နဲ့​ရှောင်းကျန့်က ထိုအမျိုးသမီး ထိုင်​နေ​သော စားပွဲဝိုင်းဆီ​လျှောက်လာခဲ့သည်။ သူမရဲ့မျက်နှာကို မြင်လိုက်​တော့ သူတို့နှစ်​ယောက်လုံး​ခြေလှမ်း​တွေရပ်ကာ ​တောင့်​တောင့်ကြီး ရပ်​နေမိသွားသည်။

*ကျောက်မိန်ယွိ...*

သူမနဲ့ အပြင်မှာမဆုံဖူး​ပေမယ့်  ​ဝမ်သခင်ကြီးရဲ့ ဒုတိယဇနီးအ​နေနဲ့ internet​ပေါ်မှာ မမြင်ချင်မှ အဆုံးကိုး။

သခင်​လေးက ခုံမှာမထိုင်သေးပဲရပ်​နေတုန်းပဲ။ ​ရှောင်းကျန့်က အန်တီရှင်းကိုလှမ်းကြည့်လိုက်သည်။ အန်တီရှင်းလည်း ဒီအမျိုးသမီးကို သိမှာပါပဲ။ ဘာလို့​ခေါ်​ပေးလိုက်တာလဲ။ ​ရှောင်းကျန့်က​တော့ သခင်​လေးကို သူ့မိဘ​တွေနဲ့​တောင် ​ရှောင်းကျန့်မပါပဲ​တွေ့မှာစိတ်ပူသည်။ သခင်​လေး စိတ်ဒဏ်ရာ ရမှာသေမ​လောက်​ကြောက်ပါသည်။ ​ရှောင်းကျန့်လည်း သခင်​လေးအနားက မခွာပဲ​ပေရပ်​နေလိုက်သည်။ သခင်​လေးကို မိ​ထွေးနဲ့  နှစ်​ယောက်ထဲ​​ပေးမ​တွေ့နိုင်ပါ။

"ဝမ်ရိ​ပေါ်​နော် , ထိုင်ပါဦး ၊ ငါမင်းနဲ့စကားနဲနဲ​ပြောဖိူ့လိုတယ်"

တိတ်ဆိတ်​နေတဲ့အ​ခြေ​နေကို ​ကျောက်မိန်ယွိဘက်က စတင်ဖြိုခွဲလိုက်သည်။ ရိ​ပေါ်က ခုံမှာဝင်ထိုင်လိုက်ရင်း အနားမှာရပ်​နေတဲ့ ကိုကို့အတွက် ခုံတစ်ခု ဆွဲထုတ်​ပေးလိုက်သည်။

"ကိုကိုလာထိုင်..."

"အို..ငါကမင်းနဲ့နှစ်​ယောက်တည်း​ပြောချင်တာ"
​​ရှောင်းကျန့်က ကျောက်မိန်ယွိရဲ့စကားကို ဂရုမစိုက်ပဲ သခင်​လေး​ပေးတဲ့ ခုံမှာ ဝင်ထိုင်လိုက်သည်။

"လာရင်းကိစ္စပဲ​ပြော.."
ဝမ်ရိ​ပေါ်ဆိုတဲ့သူက ​ရှောင်းကျန့်ကလွဲရင် ဘယ်သူ့ကိုမှ ချိုချိုသာသာ​ပြော​လေ့မရှိပါ။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now