အပိုင်း ၁၇

3.8K 344 4
                                    

Unicode

🎶This night is cold in the kingdom🎶

🎶I can feel you fade away 🎶

🎶From the kitchen to the bathroom sink and Your steps keep me awake🎶

🎶Don't cut me down, throw me out , leave me here to waste 🎶

       ဟုတ်ကဲ့, အခုအသံပြဲကြီးနဲ့ ဂစ်တာကို တ​ဒေါင်​ဒေါင်​ခေါက်ကာ ဟဲ​နေတာက​တော့ စကားနည်းပြီး ​ချေလှပါတယ်ဆိုတဲ့ ကျ​တော့်သခင်​လေးပါ။

    တ​လောက ဂစ်တာလိုချင်ပါတယ်လို့ ပူဆာလို့ဝယ်​ပေးထားတာ။ ​ဘာလိုချင်ပါတယ်လို့ပူဆာ​လေ့မရှိတဲ့က​လေးမို့ , ချက်ခြင်း​ပြေးဝယ်​​ပေးပစ်လိုက်တာ။ကျောင်းပိတ်ရက်ပဲကိုင်ရမယ်လို့မှာထားရတယ်, နို့မို့ရင် တအိမ်လုံးနားကွဲလိမ့်မယ်။အားရီနဲ့ကျ​တော်က မနက်ဖြန်အတွက် မုန့်နှစ်​လေး​တွေ ပြင်ဆင်စရာရှိတာ ပြင်ဆင်​နေကြတာကို kitchen ထဲထိလိုက်လာပြီး ခုံတလုံး​ပေါ်ထိုင်ကာ အပြီဟဲ​​နေ​လေရဲ့။ ဒီ​နေ့က ​ကျောင်းပိတ်ရက်ဆို​တော့ သွားလည်းမတားရဲဘူး။      

      ငယ်ငယ်က ကျ​တော်, ဦ​လေးရန်ဆီမှာ မုန့်လုပ်နည်းတွေသင်တိုင်း ခုံ​လေး​ပေါ်မှာ ငြိမ်ငြိမ်​လေးထိုင်ကြည့်​နေတက်တဲ့ ကျ​တော့်သခင်​လေး​ပျောက်သွားလို့, ​တွေ့မိကြ​သေးလားဗျာ။

"ကဲ..သခင်​လေး အပြီဟဲလို့ပြီးရင်  အိပ်ဖို့ပြင်ပါ"
"ဟုတ်"

မနက်ဖြန်အတွက် ပြင်​ဆင်စရာရှိတာ​လေး​တွေ ပြင်ဆင်လို့ပြီး​တော့ အိပ်ယာဝင်ခဲ့ကြသည်။

"ကိုကို အိပ်နှင့်​လေ, ကျ​တော် စာ​လေးနည်းနည်းလုပ်စရာရှိ​သေးတယ်.."

"သခင်​လေး​နော်, စာအရင်မလုပ်ပဲ သီချင်းထိုင်ဆို​နေရလား..?"

"ဦး​ဏှောက်​ဆေးတာပါ"

"စာလုပ်​တော့, ကိုကိုလည်းမအိပ်ချင်​သေးလို့ စာဖတ်ရင်း​စောင့်မယ်.."

"အိပ်ပါ​တော့ဆို, မနက်လည်း​စော​စောထရဦးမှာကို".

"အင်းပါ..စာဖတ်ရင်း အိပ်ချင်လာရင်အိပ်ပါ့မယ်"

      သခင်​​လေးက စာ​ရေးစားပွဲကိုဝင်ထိုင်ရင်း သူ့ laptop​လေးကို့ဖွင့်ကာ စာလုပ်နေ​တော့သည်။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now