အပိုင်း ၃၆

3.8K 291 5
                                    

Unicode

"မား...သား​လေးတစ်​ယောက်​လောက်ထပ်​မွေးပါလား?"

"​စော​စောစီးစီး ဘာ​တွေလာ​ပြော​နေတာတုန်း၊ မနက်စာသာ ကုန်​အောင်စားစမ်းပါ ကျိရန်ရယ်၊ လူက​လေတိုက်ရင်လဲ​တော့မယ်"

"မားကလည်း သားက​စေတနာနဲ့​ပြောတာပါ၊ ပါး , ပါးလည်းနဲနဲကြိုးစားကြည့်ပါဦး"

"​ဟဲ့​ကောင်​လေး, ဘာ​တွေ​ရှောက်​ပြော​နေတာတုန်း, ကိုယ့်အစ်မအပျို​လေးအနားရှိတာလဲသတိထားဦး"

"မမကလည်း ကျွန်​တော်က ​စေတနာနဲ့ပါ စုန့်မျိုးရိုးခံယူမယ့် သားတစ်​ယောက်​လောက်ထပ်​မွေးလိုက်ပါ​နော် ပါးနဲ့မား:"

"ဟ ..မင်းနဲ့မင်းအစ်မရှိ​နေသားပဲ ငါတို့ကဘာလို့ထပ်​မွေးရမှာလဲ"
စုန့်ပါးပါးကမ​နေနိုင်လို့ဝင်​ပြောလာသည်။

"ပါးနဲ့မားကို သား​ပြောစရာရှိတယ်"

"​ပြောစရာရှိတာ​ပြောစမ်းပါဟယ်, ဘာ​တွေစကားပလင်ခံ​နေတာတုန်း"
စုန့်မားမားက စိတ်မရှည်စွာနဲ့​ပြောလိုက်သည်။

"တကယ်​တော့ သားမှာချစ်သူရှိ​နေပြီ"

သူ့စကားကို ဘယ်သူကမှအ​ရေးမလုပ်ပဲ အစားကိုသာ အာရုံစိုက်​နေကြတာ​ကြောင့် ကျိရန်နဲနဲ​​တော့ညစ်သွားတယ်။

"တခုခု​ပြောကြ​လေဗျာ"

"ဟ ဘာ​ပြောရမှာတုန်း၊ ဒီအရွယ်ရည်းစားရှိတာထူးဆန်းလား?"
စုန့်ပါးပါးက ​ကျိရန်ကို​ပြောရင်း ​​ကော်ဖီဆက်​သောက်​နေသည်။

"ဟို​လေ..ပါး, မား.. သားချစ်သူက​​လေ မိန်းက​လေးမဟုတ်ဘူး"

ကျိရန်က ​ပြောပြီး​တော့ ပါးနဲ့မားကို မရဲတရဲ​လေး အကဲခက်လိုက်တယ်။ဟင့်အင်း ဘာမှမထူးခြားဘူး။ အစားလည်းမပြတ်ဘူး၊ အ​သောက်လည်းမပြတ်ကြဘူး။

"ပါးနဲ့မား မအံ့သြဘူးလား?"

ကျိရန်စကား​ကြောင့် မ​နေနိုင်တဲ့ အစ်မဖြစ်သူကပဲ..
"အမ​လေး စုန့်ကျိရန်ရယ်, နင်ဟိုဘက်အိမ်က ​ဟောက်ရွှမ်းဆိုတဲ့​ကောင်​လေးကို ဖွန်သွားသွား​ကြောင်​နေတာ တစ်အိမ်လုံးသိတယ်၊ နင်သာမွန်​နေလို့မသိတာ"

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now