အပိုင်း ၃၈

3.8K 292 4
                                    

Unicode

ရိ​ပေါ်က အန်တီရှင်း​ရှေ့မှာ တည်တည်ငြိမ်ငြိမ်​လေးရပ်​နေသည်။ နဂိုကတည်းက အ​နေတည်တဲ့က​လေးဆို​ပေမယ့် အခုက ပိုပြီးတည်ငြိမ်​နေသ​လို။

"ဘာများအ​ရေးတကြီး​ပြောစရာရှိလို့လဲ သခင်​လေးရယ်, ထိုင်ပြီး​ပြောပါ"

​ပြောစရာရှိလို့လို့​ပြောပြီး ဘာမှမ​ပြော​သေးပဲ မတ်တပ်ရပ်​နေတာ​ကြောင့် ​ထိုင်ဖို့သတိ​ပေးလိုက်ခြင်းဖြစ်သည်၊ သို့​သော် ရိ​ပေါ်ကမထိုင်​သေးပဲ လက်ထဲမှာကိုင်ထားတဲ့လီလီပန်းစည်း​လေးကို အန်တီရှင်းဆီ​ပေးလိုက်သည်။ အန်တီရှင်းကလည်း​​ကြောင်​တောင်​တောင်းနဲ့ ပန်းစည်းကိုလက်ခံလိုက်သည်။

"အန်တီရှင်းက ကိုကို့ရဲ့အုပ်ထိန်းသူမို့ ကိုကို့ကို အန်တီရှင်းဆီက တရားဝင်လာ​​တောင်းတာပါ"

"သားကျန့်က အ​ဖြေ​ပေးပြီးသွားပြီလား"

"ဟုတ်ကဲ့"

"အန်တီရှင်းက ခွင့်မပြုစရာမရှိပါဘူး သခင်း​လေးတို့နှစ်​ယောက်သာ တစ်​ယောက်အ​ပေါ်တစ်​ယောက် သစ္စာရှိရှိနဲ့ ချစ်သွားကြဖို့ပဲလိုတယ်"

"ကျွန်​တော် ကိုကို့အ​ပေါ် တစ်သက်လုံးသစ္စာရှိပါ့မယ်၊ ကျွန်​တော့်ကို ကိုကိုနဲ့လက်ထပ်ခွင့်ပြုပါ"

"သခင်​​လေးတို့နှစ်​ယောက်သင့်​တော်သလိုစီစဥ်ကြပါ၊ အန်တီရှင်းက ခွင့်ပြုပါတယ်"

"ရိ​ပေါ်လို့​ပြောင်း​ခေါ်​ပေးပါလား အန်တီရှင်း"

"အန်တီရှင်းက နှုတ်ကျိုး​နေပါပြီကွယ်၊ သားကျန့်ကိုသာ ​ပြောင်း​ခေါ်ခိုင်းပါ"

အန်တီရှင်းကို ​စောဒကမတတ်ချင်​တော့တာမို့ ​​ခေါင်းပဲငြိမ့်ပြကာ လက်ခံလိုက်ရတယ်။
" ဆိုင်ပိတ်ချိန်နီးပြီမို့ကိုကိုကို့ သွားကြိုလိုက်ဦးမယ်​နော်"

"ဟုတ်ပါပြီ ဆိုင်ကယ်လ်​ဖြေးဖြေး​မောင်း"

"ဟုတ်ကဲ့"
ရိ​ပေါ်က အန်တီရှင်းကိုပြန်​ဖြေရင်း ခပ်သွက်သွက်ထွက်လာခဲ့​တော့တယ်။
..................................................

ရိ​ပေါ်က ​ကုတင်​ခေါင်းရင်းကို မှီထိုင်​နေပြီး ​ရှောင်းကျန့်က​တော့ ရိ​ပေါ်ရဲ့ ရင်ခွင်ထဲမှာ အကျအန​နေရာယူထားကာ ရိ​ပေါ်ရဲ့လက်​ချောင်း​လေး​တွေကို ​ရှေ့သွားကြီးကြီး​လေးနှစ်​ချောင်းနဲ့ ကိုက်​နေတယ်။ ချစ်သူ​တွေဖြစ်ပြီး ​ပြောင်းလဲလာတဲ့အရာက​တော့ ​ရှောင်းကျန့်က ရိ​ပေါ်ကိုတအားကပ်ပြီး တအားချွဲလာတာပါပဲ။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now