Unicode
ရိပေါ်တစ်ယောက် ကျောင်းဆင်းချိန်ရောက်တော့ ကျိရန်ကိုတောင်မစောင့်ပဲ ကျောင်းပေါက်ဝဆီ ပြေးထွက်လာခဲ့သည်။ မနက်က ကိုကိုကျောင်းလိုက်ပို့ထားတာကြောင့် ညနေလည်းပြန်လာကြိုမှာလေ၊ ကိုကိုကျောင်းရှေ့မှာ အကြားကြီးစောင့်နေရမှာစိုးလို့ ကျောင်းဆင်းတာနဲ့ လွယ်အိတ် ဆွဲပြီး ပြေးထွက်လာတာ။ ရိပေါ်ကျောင်းရှေ့ရောက်တော့ ကိုကိုကရောက်နေပေါ့။
"သခင်လေးဖြေးဖြေးမလာပဲ ဘာလို့ပြေးလာတာလဲ"
"ကိုကိုစောင့်နေရမှာစိုးလို့"
"စောင့်ရလည်းခဏပေါ့၊ ချွေးတွေတောင်ထွက်နေပြီ.."
"သား နင်းရမလား?"
"ရတယ်ကိုကိုပဲနင်းလိုက်မယ်"
ရိပေါ်က ကိုကို့စကားဆုံးတာနဲဲ့ စက်ဘီးနောက်ခုံပေါ်တက်ခွလိုက်သည်။ ခါးကိုဖက်ထားဖို့လည်းမမေ့၊"ကိုကို, ဒီနေ့ ကျိရန်က သူ့ကောင်လေးနဲ့ မိတ်ဆက်ပေးမလို့တဲ့ ဆိုင်ကိုလာခဲ့မယ်တဲ့"
"ကောင်လေး?"
"အွန်း ...ကောင်လေး၊ ကိုကိုသိလား , အဲ့ကောင်လေးကို ကျိရန်က အရင်လိုက်တာသိလား?"
"အင်း, ဟုတ်မှာပေါ့ ကျိရန်ကငယ်ငယ်ကတည်းက အသွက်ကလေးပဲကို"
စကားတပြောပြောနဲ့နင်းလာရင်းအိမ်ကိုပြန်ရောက်လာသည်။
"ကျိရန်လာမှာဆို ဧည့်သည်စားဖို့ ဘာပြင်ထားပေးရမလဲ?"
"ဘာမှပြင်မနေနဲ့ကိုကို, ကော်ဖီပဲတိုက်လိုက်၊ သားအဝတ်စားတတ်လဲဦးမယ်"
"အင်းအင်း.."
................................................"အစ်ကိုရှောင်းကျန့်"
ဝယ်သူလာလို့ရောင်းနေတုန်း ဆိုင်အပေါက်ဝကနေ အသံစာစာနဲ့အော်သံကြားရသည်။ ဒီလို အော်ပြီဆို လှည့်ကြည့်စရာမလိုပဲ ကျိရန်မှန်းသိသည်။
"လာလေ...ကျိရန် ဝင်ခဲ့"
ကျိရန်နှင့် သူကောင်လေးတို့ကဆိုင်ထဲဝင်လာပြီးစားပွဲအလွတ်တစ်ခုမှာဝင်ထိုင်သည်။ရှောင်းကျန့်ကကော်ဖီနဲ့ ကိတ်အချို့ချပေးရင်း စားပွဲဝိုင်းမှာဝင်ထိုင်လိုက်စဥ် သခင်လေးကလည်း အနားရောက်လာကာ တစ်ခါတည်း ဝင်ထိုင်လိုက်သည်။
YOU ARE READING
ဤချစ်ခြင်းဖြင့်နွေးထွေးစေသော်ဝ် (Complete)
General Fictionအေးအေး ငြိမ့်ငြိမ့်လေးပါပဲ။ စာရေးသူအသစ်မို့ လိုအပ်ချက်တွေအများကြီးရှိပါသေးသည်။