အပိုင်း ၃၂

3.6K 314 7
                                    

Unicode

"ကျောက်မိန်ယွိကို စာကြည့်ခန်းထဲလာခဲ့ဖို့​ပြောလိုက်"
သခင်ကြီးက ကား​ပေါ်က ဆင်းဆင်းခြင်း​ပြောလိုက်သည်။

"ဟုတ်ကဲ့ပါသခင်ကြီး"

"​နေဦး.....သမီးကို စာကြည့်ခန်းဘက်မလာ​အောင်လုပ်ထား...ငါ​ပြောချင်တာနားလည်တယ်မဟုတ်လာ?"

"ဟုတ်ကဲ့, နားလည်ပါတယ်သခင်ကြီး"
​ကျောက်​ဝေထွက်သွား​​တော့, ဝမ်မင်းဟန်လည်းစာကြည့်ခန်းထဲဝင်လာခဲ့သည်။

"​ဒေါက်...​ဒေါက်...​ဒေါက်"

"ဝင်ခဲ့"

​ကျောက်မိန်ယွိ အခန်းတံခါးဖွင့်ဝင်လာတာနဲ့
"ကျွန်မကို​​ခေါ်....."
"​ဖြောင်း...."
"အား!!"

သူမစကားမဆုံးခင် ပါး​ပေါ်ကျလာတဲ့ လက်ဝါးတစ်ချက်​ကြောင့် ​ကြောင်အ သွားသည်။

"မိန်းမယုတ် ...."

"ဝမ်မင်းဟန်!!!...ဘာကိစ္စကျွန်မကိုရိုက်ရတာတုန်း! ..ရှင်ဘယ်တုန်းများ ဒီ​လောက်ရက်စက်တတ်သွားရတာလဲ"

"ရက်စက်တယ်, ရက်စက်တယ်လို့ မင်းပါးစပ်က ​ပြောထွက်တာလား?, မင်းကမှရက်စက်ယုတ်မာလွန်းတဲ့ မိန်းမယုတ်"

"ရှင်..ဘာ​တွေ​ပြော​နေတာလဲ၊ ​နောက်တ​ခေါက်ကျွန်မအသားကိုထိရဲရင် ထိကြည့်လိုက်စမ်း!..ငြိမ်ခံ​နေလိမ့်မယ်လို့မထင်နဲ့...ရှင့်ကိုအ​သေသတ်ပစ်မယ် နားလည်လား?"

"​အေး...ငါကလည်း မင်းအသားကိုမထိချင်ပါဘူး။ တရားရုံးက​နေပဲရှင်းကြတာ​ပေါ့, အခု​တော့မင်း ငါ့အိမ်​ပေါ်ကဆင်း.."

"ဘာ!!..ဘာကိစ္စကျွန်မကဆင်းရမှာလဲ? ဆင်းမ​ပေးနိုင်ဘူး...ကျွန်မနဲ့မ​ပေါင်းချင်ရင် , ရှင်ဆင်းသွားလိုက်​လေ"

"မဆင်းချင်လဲရတယ်၊ သိပ်မကြာခင် မင်းက​ထောင်ထဲသွားရ​တော့မှာပဲ"

"ရှင် ဘာ​​တွေ​ပြော​နေတာလဲ? , ကျွန်မက ဘာကိစ္စ​ထောင်ထဲသွားရမှာလဲ, မဟုတ်တာ​တွေလာမ​ပြောနဲ့"

"​တော်စမ်!..မင်း, ငါ့သားကို တခြားက​လေးနဲ့လဲခဲ့တဲ့ကိစ္စ ငါသိပြီးသွားပြီ၊ ​ရှေ့​နေဆီအ​ကြောင်းကြားပြီး အမှုလည်းဖွင့်ပြီးသွားပြီ၊ မင်းရဲ့ယုတ်မာမှုအတွက် ငါကိုယ်တိုင် မင်းကိုသတ်ပစ်ချင်​​​ပေမယ့် ၊ မင်းက ငါ့လက်နဲ့သတ်ပစ်ဖို့​တောင်အတန်ဘူး"

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now