အပိုင်း ၃

4.7K 401 1
                                    

Unicode
 
        ရှောင်းကျန့်တို့ ထမင်းစားခန်းထဲ​ရောက်​တော့ သခင်ကြီးနဲ့သခင်မကြီးက​ရောက်နှင့်​နေကြပြီ။ ​ရှောင်းကျန့်က​တော့ ကြီးမားလွန်းတဲ့ထမင်းစားခန်ကြီးကို မျက်လုံးအပြူးသားနဲ့စပ်စု​နေမိတယ်။ဒီထမင်းစားခန်းကြီးက ​ရှောင်းကျန့်​လေးရဲ့ ရွာကအိမ်​လောက်​တောင်ကျယ်သည်။

     သခင်​လေးက စကာတခွန်းမှမ​ပြောပဲခုံမှဝင်ထိုင်တယ်။ စားပွဲ​ပေါ်မှာလည်း စားစရာ​တွေကအပြည့်။ ​ရှောင်းကျန့်​လေးတိို့က ထမင်းစားပွဲနဲ့ခပ်လှမ်းလှမ်းမှာရပ်​နေရတယ်။ အန်တီရှင်းရယ် ​ရှောင်းကျန်းရယ် ​နောက်ထပ်ဦး​လေးကြီးတ​ယောက်ရယ်ကာ သုံး​ယောက်အတူတူ ငြိမ်ငြိမ်​​လေးရပ်​နေရသည်။ ကြည့်ရတာ အဲ့ဦး​လေးကြီးက သခင်ကြီးရဲ့အ​စေခံဖြစ်မယ်ထင်တယ်။ ဒီစံအိမ်ကြီးရဲ့အရှင်သခင်သုံး​ယောက်လုံးမှာအနီးကပ် ပြုစုတဲ့အ​စေခံတ​ယောက်ဆီရှိတယ်။ သခင်မကြီးအတွက်​ဆို အန်တီရှင်း, သခင်​လေးအတွက်ဆို ​ရှောင်းကျန့်​ပေါ့။ သခင်ကြီးရဲ့အ​စေခံက​တော့ အခု​ရှောင်းကျန့်နဲ့အတူတူရပ်​နေရတဲ့ ဦ​လေးကြီးဖြစ်​လောက်သည်။ ​​ရှောင်းကျန့်​လေးက မ​နေ့ကမှ​ရောက်တာမို့ လူအကုန်မသိ​​သေးဘူးရယ်။

"သားငယ်​လေး ​ဖေ​ဖေက အလုပ်ကိစ္စနဲ့ စင်ကာပူသွားစရာရှိတယ်။ သားဘာလိုချင်တာရှိ​လဲ, ​ဖေ​ဖေ ဘာဝယ်ခဲ့ရမလဲ။"
သခင်ငယ်​လေးက ​ခေါင်းကိုသာအသာရမ်းပြသည်။

ထမင်းစားခန်းထဲမှာပြန်ပြီးတိတ်ဆိတ်သွားပြန်သည်။

" နွားနို့​တော့ ကုန်​အောင်​သောက်​နော်သားငယ်​လေး"

"​ဟုတ်ကဲ့"

သခင်မကြီးက​နွေး​ထွေးစွာပြုံးရင်း သူမသားငယ်​လေးရဲ့ ​ခေါင်း​လေးကိုအသာပွတ်သတ်​ပေးသည်။

....

      သခင်​လေးက ဒီ​နှစ်မှမူလတန်းစတက်ရမှာပါ။​ကျောင်းဖွင့်ဖို့က ၁ပတ်​လောက်လို​သေး​ပေမယ့်
အိမ်မှာ ဆရာ​တွေ ငှားပြီး သင်​နေရပါပြီ။ သခင်​လေးစာသင်​နေတဲ့အချိန်​လည်း​ ရှောင်းကျန့်​​လေးက စာကြည့်ခန်းထဲမှာထိုင်​စောင့်​ပေးရတာပါ။ စာကို​တော့ စိတ်ဝင်တစား ရှိတဲ့ပုံပါပဲ။ အင်း​လေ အိမ်​တော်ကြီးရဲ့သခင်​လေးဟာ, အရာရာ​တော်​နေမှဖြစ်မှာ​ပေါ့။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now