အပိုင်း ၁၆

3.8K 351 6
                                    

Unicode

ဒီ​နေ့ သခင်မကြီးဆုံးတာ ၂နှစ်ပြည့်တဲ့​​နေ့။
သူတို့ သခင်မကြီးရဲ့ အုတ်ဂူဆီ​ရောက်​တော့ အဖြူ​ရောင်ပန်းစည်းတစ်ခုက​ရောက်နှင့်​နေပြီ။ သခင်ကြီးလာသွားပြီ ထင်တယ်။သခင်​လေးက အုတ်ဂူ​ရှေ့မှာ မလှုပ်မယှက်​လေးရပ်​နေသည်။ မနှစ်ကနှစ်ပတ်လည်​နေ့မှာ အရမ်းငိုရင်း သတိလစ်သွား​သေးသည်။ ပုံမှန်ချိန်​တွေမှ ​မေ့​မေ့​ပျောက်​ပျောက်ရှိ​နေတယ်ထင်​ခဲ့ပေမယ့် မဟုတ်ခဲ့ဘူးထင်ပါရဲ့။

"သခင်​လေး ကန်​တော့လိုက်ဦး"

"အင်း.."

သခင်​လေးက ဒူး​ထောက်လို့ သုံးကြိမ်တိတိ ကန်​တော့လိုက်သည်။ ထို့​နောက် အုတ်ဂူ​လေးဆီ မမှိတ်မသုန်​ကြည့်​နေပြန်သည်။

*မေ​မေ....​အဆင်​ပြေ​ပြေရှိ​နေတယ် မဟုတ်လား?
သားလည်းအဆင်​ပြေပါတယ်။ကိုကို​ရော, အန်တီရှင်း​ရော သားကို​သေချာဂရုစိုက်ပါတယ်။သား အခု အရမ်း​ပျော်​နေပြီမို့ ​မေ​မေစိတ်ချလက်ချ သွားလို့ရပါပြီ။ပြီး​တော့..သားက ​မေ​မေ့ကို အရမ်း အရမ်း ချစ်ပါတယ်*

*သခင်မကြီး...သခင်​လေးကို ကျွန်မ​​သေ​သေချာချာ ​စောင့်​ရှောက်ထားမှာမို့ စိတ်ချလက်ချ သွားပါ​နော်။ဖြစ်နိုင်ရင် ကျွန်မလည်း အမြန်ဆုံးလိုက်လာချင်ပါတယ်*

*သခင်မကြီး  ကျွန်​တော် သခင်မကြီးကို​ပေးထားတဲ့ကတိအတိုင်း သခင်​လေးကို တသက်လုံး​စောင့်​ရှောက်မှာပါ။ သခင်​လေးစိတ်ချမ်းသာ​အောင်, သခင်​လေး​ပျော်ရွှင်​အောင် အမြဲထားမယ်လို့ ကတိ​ပေးပါတယ်။*

သူတို့သင်္ချိုုင်း ကထွက်လာ​တော့ မို့​လေး​ဖျောက်​တောင်, ​ဖျောက်​​တောက်ကျလာတာမို့ သခင်​လေးကို ထီးမိုး​ပေးလိုက်သည်။ ဒီ​နေ့​တရက်တော့ သခင်​လေး က တိတ်ဆိတ်​နေဦးမယ်ထင်သည်။

.............

"​ဟေ့​ရောင်, ရိ​ပေါ်မင်းကလည်းတချိန်လုံး စာပဲလုပ်​နေတာပဲ"

      ရိ​ပေါ် သူ့ ​ဘေးက တတွတ်​တွတ်​ပြော​နေတဲ့ ကျိရန်ကိုမျက်​မှောင်ကုတ်ကြည့်ပစ်လိုက်ပြီး စာပြန်ငုံ​ရေး​နေလိုက်သည်။ သူကအိမ်စာ​တွေ​ပေးသမျှကို ​ကျောင်းမှာပဲ ပြီး​အောင်လုပ်သည်၊ တ​နေ့တာ သင်သမျှစာ​တွေကိုလည်း တက်နိုင်သ​လောက် ​ကျောင်းမှာပဲကျက်မှတ်သည်။ ဘာလို့​ဆို ညဘက်သူစာလုပ်လို့မပြီးမချင်း ကိုကိုကထိုင်​စောင့်​​ပေးတာမို့။ ကိုကိုပင်ပန်းမှာစိုးလို့။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now