အပိုင်း ၃၃

3.7K 299 1
                                    

Unicode

စိတ်မြန်လက်မြန်ရှိလှတဲ့ သခင်​လေးက ခရီးထွက်ဖို့ ဇွတ်အတင်းပူဆာ​နေတာ​ကြောင့်  အခု ခရီး​ထွက်ဖို့ပြင်ဆင်​နေရပြီ။

"သခင်​လေး, အမှုကိစ္စမပြီး​သေးပဲ ကိုကိုတို့က ခရီးထွက်လို့အဆင်​ပြေပါ့မလား?"

"တစ်ညပဲအိပ်မှာပါ ကိုကိုရာ, ပြီး​တော့ အဲ့အမှုကိစ္စကို ​ခေါင်းထဲထုတ်လိုက် ကျွန်​တော်တို့နဲ့မဆိုင်ဘူး"

"ဒါ​ပေမယ်"

"​ဖြောင်း.."

"အ!!..., အကြီးကိုမရိုက်ရဘူးလို့​ပြောထားတယ်​လေ"

အရိုက်ခံရတဲ့တင်ပါး​လေးကိုလက်နဲ့ အုပ်ရင်း ဆူပုပ်ပုပ်နဲ့ဆိုလာသည်။
"ရိုက်ချင်စရာ​လေးကိုး.....ဟဲဟဲ"

အဝတ်စား အနည်းငယ်နဲ့ လိုအပ်မယ်ထင်တာ​လေး​တွေထည့်ကာ မနက်​စော​စောပဲ ဆိုင်ကယ်လ်တစ်စီးနဲ့ ထွက်လာခဲ့ကြသည်။

တစ်နာရီ​လောက်ဆိုင်ကယ်လ်​မောင်းပြီးသွား​တော့ ​တောင်​ချေကို​ရောက်သည်။ ​တောင်​ပေါ်ကို​တော့​ခြေကျင်ပဲတတ်ရမှာ။ဆိုင်ကယ်လ်စီးလာရတာ ပင်ပန်းတာ​ကြောင့် ​တောင်​ချေက တည်းခိုခန်း​လေးမှာ အရင်ဝင်နားဖို့ဆုံးဖြတ်လိုက်ကြသည်။

တည်းခိုးခန်းထဲ​ရောက်​တော့နှစ်​ယောက်လုံးကုတင်​ပေါ် ပက်လက်​လှဲကာ အနားယူလိုက်ကြသည်။

"ကိုကို ပင်ပန်းသွားပြီလာ?"

"အရမ်းမပန်းပါဘူး, ဆိုင်ကယ်လ်စီး​နေမကျလို့နဲနဲ​ညောင်းယုံ​လေးပါ"

"ခဏနားပြီးမှ ​ရေချိုးလိုက်, ​တောင်​ပေါ်မှာ ညအိပ်မှာဆို​တော့ ည​နေ​လောက်မှစထွက်ကြမယ်"

"​အင်း, ဒါဆိုခဏနားဦးမယ်"
ကိုကိုက ခဏဆိုပြီး အိပ်​ပျော်သွားတာ ​နေ့လည်ခင်း၂နာရီ​လောက်မှနိုးလာ​တော့သည်။

"သခင်​လေးက ​ရေ​တောင်ချိုးပြီးသွားပြီလား?, ကိုကို့ကို​တော့မနှိုးလိုက်ဘူး"

"ကိုကို အရမ်းအိပ်​ပျော်​နေလို့​လေ, ထ​တော့​ရေသွားချိုး ​နေ့လည်စာစားပြီးရင် ​တောင်​ပေါ်စတက်ကြရ​အောင်"

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now