အပိုင်း၁၂

3.8K 354 2
                                    

Unicode

    သူမအ​နေနဲ့ ယခုကိစ္စကို သားငယ်မသိ​အောင် ဖုံးထားဖို့ကိုပဲ​ရွေးချယ်မယ်..တ​လောကလုံးကသူမကိုအိမ်​ထောင်​ရေး​​ဖောက်ပြန်တဲ့ ရွံရှာစရာ မိန်းမ
တ​စ်ယောက်အဖြစ်သတ်မှတ်လည်းရတယ်။သားငယ်ကို​တော့ဒီအဖြစ်မှန်​တွေ​ပေးမသိနိုင်ပါ။အရွယ်​ရောက်မှ..အင်း..အရွယ်​ရောက်မှ​​ပေါ့..အရာရာကိုရင်ဆိုင်နိုင်တဲ့အရွယ်​ရောက်မှပဲ..သိ​စေ​တော့မယ်။

         ဒါဆို သူမရဲ့​သွေးသားအစစ်ကရော???... တကယ်လို့ပြန်ရှာ​တွေ့ခဲ့ရင်​ရော???ကံတရားက ဘာကိုများ ကျီဆယ်ချင်​နေပါလိမ့်။သေချာ​ပေါက်​တော့ ရှာ​ဖွေရမှာ​ပေါ့။ဘယ်ဘဝမှာ ဘယ်လိုရှင်သန်​နေရရှာမှန်းမသိရတဲ့ သူမရင်​သွေးကိုလည်း သူမ​တွေ့ချင်ပါ​သေးတယ်။သူမ​ထွေး​ပွေ့ချင်ပါ​သေးတယ်။
ဘယ်လမ်းကို​လျှောက်လို့ ဘယ်ခရီးကိုနှင်ရမှန်းမသိတဲ့ အခိုက်အတန့်​တွေပါပဲ....

"ယွီ​ဖေး...​နေရတာသက်သာရဲ့လား?"

ခင်ပွန်းသည်ရဲ့အသံကိုကြားမှာ စိတ်ကပစ္စုပ္ပန်ကို ပြန်​ရောက်သည်။
   သူမ, ခင်ပွန်းသည်ရဲ့ မျက်နှာကို​သေချာကြည့်ကာ..
" မင်ဟန်.."

"​ပြော..ယွီ​ဖေး..ကိုယ်နား​ထောင်​နေတယ်"

"သိပြီးသွားပြီလား..."

"အင်း..ကိုယ်အားလုံးသိပြီးပြီ..စိတ်မပူနဲ့ကိုယ်စုံစမ်း​နေတယ်...ကိုယ်တို့က​လေး​မွေးတဲ့​ဆေးရုံ​ရော , ဆရာဝန်​တွေ​ရော ကို စုံစမ်း​နေတယ်​နော်..
ပြီး​တော့ ယွီ​ဖေးကို ကိုယ်က​တောင်းပန်းပါတယ်.."

သူမ​ခေါင်းကို အသာယာရမ်းရင်း...
"ကျမကရှင့်ကို တခါမှမ​တောင်းဆိုဘူးတာသိတယ်မှတ်လား??"

"အင်း..ကိုယ်သိတယ်​လေ"

"တခုပဲ..တခု​လေးပဲ..​တောင်းဆိုပါရ​စေ"

"​ပြော​လေ.."

"သားငယ်​လေးကို..သားငယ်​လေးကိုမသိ​စေချင်ဘူး...သားငယ်​လေးကိုမ​ပြောပါနဲ့..ဒီတခု​လေးပါပဲ..​နော်"

"ယွီ​ဖေး...တချို့အရာ​တွေက ကြိုသိထားရင်ကြိုတင်ပြင်ဆင်ထားလို့ရတယ်..."

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now