Unicode
အမူးသမားလေးကိုကို့ကို ကုတင်ပေါ်တင်ပေးလိုက်တော့ ကိုကိုက ငုတ်တုတ်လေးထိုင်နေပြန်သည်။ မျက်စိလေးကမှေးစင်းနေတာတောင် အိပ်ခိုင်းလို့မရပဲ ရိပေါ်ကိုပဲလိုက်ကြည့်ပြီး တဟီးဟီးနဲ့ရယ်ပြနေပြန်သည်။ရိပေါ်က ကိုကို့မျက်နှာလေးကိုရေဝတ်နဲ့သန့်စင်ပေးတော့လည်း ကလေးလေးလိုပဲမျက်နှာလေးမော့လို့ငြိမ်ခံနေပြန်သည်။
"ဘာလုပ်တာလဲ...ထိနဲ့"
အမူးသမားလေးက အမူးပါးလေးပါ။ သူ့အင်္ကျီလဲပေးဖို့လုပ်တာကို လက်နဲ့အတင်းကာ ကာ အထိမခံ။မသိရင် ရိပေါ်ကလူယုတ်မာကြီး သူကမိန်းမလှလေးလိုပဲ။
"အင်္ကျီလဲရမယ်လေ..ကိုကိုရယ်"
"ဟင့်အင်း...ငါအင်္ကျီ ချွတ်ဘူးနော်..ချွတ်ဘူး"
ကိုကိုက ခေါင်တခါခါ , လက်တခါခါနဲ့ ငြင်းဆန်နေတာမို့.."ဒါဆိုလည်း ဒီတိုင်းသာအိပ်လိုက်တော့.."
ရိပေါ်သက်ပြင်းချရင်းသာ လက်လျှော့လိုက်ရသည်။"အွန်း....ကိုကို့ကလေးလေးတော်တယ်..ဟိ..ဟိ.."
ကိုကိုက သွားလေးတွေပေါ်အောင်တဟိဟိရယ်ရင်း လက်မနှစ်ဖက်ကိုပါ ထောင်ပြနေသေးသည်။"ကိုကို...ဘယ်လိုလေးလဲ..ကျွန်တော်အူယားလာပြီနော်..."
ရိပေါ်အရမ်းအူယားလာတာမို့ ကိုကို့ပါးနှစ်ဖက်ကို ဆွဲဖျစ်မိသည်။"နာတယ်..."
"အာ...နာသွားတာလား...ဥုံဖွ..မွ...ဥုံဖွ...မွ.."
ရိပေါ်က ကိုကိုပါးလေးတွေကိုမထိတထိနမ်းကာ အသားယူလိုက်သေးသည်။
"ဒီနားလည်း..နာတယ်.."
ကိုကိုက မေးစေ့လေးကိုထိုးပြရင်းဆိုသည်။"မွ..."
ရိပေါ်က ကိုကိုမေးစေ့လေးကိုဖွဖွလေးနမ်းလိုက်တယ်..
"ဘယ်နားနာသေးလဲ?"
"ဒီနား....."
မျက်နှာအနှံ့ ဟိုနား ဒီနားနဲ့ ကိုကို လက်ညှိုးထိုပြတဲ့နေရာတိုင်းကို ရိပေါ်က တမွမွနဲ့ လိုက်နမ်းနေတော့တာပါပဲ။
YOU ARE READING
ဤချစ်ခြင်းဖြင့်နွေးထွေးစေသော်ဝ် (Complete)
General Fictionအေးအေး ငြိမ့်ငြိမ့်လေးပါပဲ။ စာရေးသူအသစ်မို့ လိုအပ်ချက်တွေအများကြီးရှိပါသေးသည်။