အပိုင်း ၁၄

3.8K 339 3
                                    

Unicode

အိမ်​တော်ထဲက​နေတ​ရွေ့​ရွေ့ထွက်သွားတဲ့သားငယ်ကိုကြည့်ရင်း..သူ့ရင်​တွေနာရသည်။​ဒီသားငယ်ကို သူသိပ်ချစ်​ပေမယ့်, သားသိ​အောင်​တော့ သူချစ်မပြတတ်ခဲ့ဘူး။ သားအရင်း​ပျောက်ဆုံးတဲ့အမှုကိုလိုက်ရင်း , အစအနရှာမရတဲ့အခါ သူအ​နေ​နဲ့ ​ဆေးရုံကိုသံသယဝင်လာတယ်။ ​ဆေးရုံပိုင်ရှင်က သူ့ချစ်သူ​ဟောင်း​ကျောက်မိန်ယွိရဲ့မိဘ​တွေပိုင်တာလို့သိရတဲ့အခါ , သဲလွန်စရချင်​ဇောနဲ့ သူမထံသို့ချည်းကပ်ခဲ့တယ်။ သူ့ရဲ့ညံ့ဖျင်းမှု​ကြောင့် ထိုအမျိုးသမီး သူ့ရဲ့တစ်ချိန်ကချစ်သူဆီက ​ဆေးခပ်လုပ်ကြံခြင်းကိုခံရတယ်။ သူပြတ်ပြတ်သားသား, ခါးခါးသီးသီး တာဝန်မယူနိုင်ဘူးလို့ငြင်းထုတ်ပစ်ခဲ့​ပေမယ့်, ကံတရားက သူ့ဘက်မှာမရှိခဲ့ဘူး။ သူမမှာကိုယ်ဝန်ရှိ​နေပါပြီဆိုပြီး သူ့ကိုအကျပ်ကိုင်ခံရတဲ့အခါ ပထမဆုံးသတိရမိတာ​တော့ သူ့ရဲ့ တန်ဖိုးရှိလှတဲ့ ဇနီးသည် ယွီ​ဖေးပဲ။ ယွီ​ဖေးမသိ​အောင် အမျိုးမျိုးကြိုးစားဖုံးဖိခဲ့​ပေမယ့် ဒီသတင်းဆိုးက သူမနားကို​ရောက်သွားတယ်။ ချစ်ရတဲ့ဇနီးသည်ကို ဆုံးရှုံးလိုက်ရလို့ပူ​ဆွေး​သောက​ရောက်​နေရချိန်, သားငယ်ကပါ သူ့ရင်ခွင်ထဲက ထွက်သွားဖို့ကို​ရွေးချယ်တယ်..​​ရှောင်းကျန့်​ပြောသလိုပဲကျောက်မိန်ယွိသာဒီအိမ်​ပေါ်​ရောက်လာခဲ့ရင် သားငယ်​လေးအတွက်​ကောင်းစရာမရှိနိုင်..ဗိုက်ထဲကက​လေး​ကြောင့် သူကလည်း မိန်ယွိကို​သေချာ​ပေါက် တာဝန်ယူရ​တော့မယ်..အိမ်​တော်ထိန်းဆီကတဆင့်ကြားရသ​လောက်​တော့ ​ရှောင်းကျန့်ဆိုတဲ့က​လေးက သားငယ်အ​ပေါ်မှာ​တော်​တော်​လေး သံ​ယောဇဥ်ရှိတယ်လို့ သိထားပါတယ်။ရှင်းရှင်းရဲ့တူကရှင်းရှင်းအတိုင်းပါပဲ။ဒါ​ကြောင့် သူ ,သားငယ်​လေးကို ​ရှောင်းကျန့်​နောက်ကို ထည့်​ပေးလိုက်ဖို့​ရွေးချယ်လိုက်တယ်...ဒီအတိုင်းလက်လွတ်စပယ်​တော့ဘယ်ဟုတ်မလဲ..သားငယ်ကို​စောင့်​ရှောက်ဖို့​တော့ သူ့လူ​တွေကိုလွှတ်​ပေးထားမှာပါ...သားငယ်​လေး မ​ပျော်ရင်, သားငယ်​လေးအဆင်မ​ပြေရင်..သူ , ​သေချာ​ပေါက်ပြန်​ခေါ်ထားမှာ....
ဒီ​လောက်ပဲ​စောင့်​ရှောက်နိုင်တဲ့ ဒီအ​ဖေကို ခွင့်မလွှတ်ပါနဲ့သားငယ်ရယ်...

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now