အပိုင်း ၇

4.1K 375 4
                                    

Unicode

     ဒီ​​နေ့ထူးထူးခြာခြား ​​ဖေ​ဖေ​ရော, ​မေ​မေ​ရော အ​စောကြီးပြန်​ရောက်လို့ သားမိသားဖ ၃​ယောက်တူတူညစာစား​နေကြသည်။

"သားငယ်​လေး, ​ကျောင်းတက်ရတာ​ပျော်လား?"

"ဟုတ်ကဲ့....​ဖေ​ဖေ"

"သူငယ်ချင်း​​တွေ​ရော ရပြီလာ:?
ရိ​ပေါ်​လေးက​ခေါင်းကိုငြိမ့်ကာ.....

"တ​ယောက်ရပြီ.."
ဝမ်သခင်ကြီး​ရော, သခင်မကြီးပါနှစ်​ယောက်လုံးပြုံးမိသွားသည်။

"​မေ​မေ့သားငယ်​လေးက သူငယ်ချင်း​တောင်ရ​နေပြီပဲ။"

ရိ​ပေါ် ​မေမေ့ ကိုကြည့်ကာ ပါးကြီး​တွေမို့တက်လာတဲ့ထိပြုံးပြလိုက်သည်။ စကားဆက်မ​ပြောကြ​တော့ပဲထမင်းဆက်စား​နေချိန်, ဇွန်း​လေးကိုက်ကာ မျက်လုံး​လေးမဝင့်တဝင့်ကြည့်လာတဲ့သားငယ်​လေးကြောင့်...

"သားငယ်​လေး..ဘာ​ပြောချင်လို့လဲ...​​ဖေ​ဖေ့ကို​ပြော."

"သား အရမ်းအ​ရေးကြီးတာ​ပြောစရာရှိတယ်"

ဝမ်မင်းဟန် အရမ်းအံ့သြ​နေမိတယ်, သူစင်ကာပူကိုတပတ်​လောက်သွားပြီး ပြန်​ရောက်ကတည်းက သူ့သားငယ်​လေး​ပြောင်းလဲ​နေတာသတိထားမိသည်။ငါ့သားငယ်​လေးလူစားထိုးခံရတာ​တော့ မဟုတ်ဘူးမှတ်လား?

"​ပြောပါဦး...ဘာများလဲ"

"သား​​လေ, ​ကျောင်းမှာ ​ရှောင်းကျန့်နဲ့ရွယ်တူ​​ကျောင်းသားတွေ ​ကျောင်းတက်တာ​တွေ့ရတယ်"

"အဲ့​တော့.."

"​ရှောင်းကျန့်ကို ​ကျောင်းတက်ခိုင်းလို့ရဘူးလားဟင်..."
ရိ​ပေါ်​လေးစကား​ကြောင့် ဝမ်သခင်ကြီးနဲ့ သခင်မကြီးအပြင်​ ​နောက်နားမှာရပ်​စောင့်​နေတဲ့ ရှောင်းကျန့်လေးပါမျက်လုံးပြူးသွားရသည်။

"​ရှောင်းကျန့်က သားငယ်​လေးကို ​ကျောင်းတက်ချင်တယ်လို့​ပြောလို့လား?"

​​​​ဖေ​ဖေ့ရဲ့အသံက နဲနဲကျယ်​နေလို့ ရိ​ပေါ်​လေးအရမ်းလန့်သွားသည်။ ​မေ​မေ့ကိုမ​​ပြောရဲလို့ ​ဖေ​​ဖေ့ကို​ပြောတာ​လေ, ပိုဆိုးသွားပြီလားမသိဘူး။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now