အပိုင်း ၅

4.3K 372 6
                                    

Unicode

     ရှောင်းကျန့်ဒီကို​ရောက်တာတပတ်​တောင်ရှိ​ပေါ့။ ဒီတပတ်အတွင်းမှာ သူနဲ့သခင်​လေးက အရင်က​​လောက်မစိမ်း​တော့ဘူး။ ည​နေတိုင်း ​ဘောလုံးကန်လိုက်, ​ပြေးတမ်းလိုက်တမ်း​ဆော့လိုက်မို့ ရင်းနှီးမှုပိုရလာသည်။ အဲ့လို​ဆော့​နေချိန်ဆို သခင်​လေးရဲ့မျက်နှာမှာ မကြာခဏ အပြုံး​တွေကိုမြင်ရလာပြီ။

    ဒီ​​နေ့ ,သခင်​လေး  ပထမဆုံး​ကျောင်းစတက်ရမယ့်​နေ့, သခင်​လေးက ​​ကျောင်းဝတ်စုံ​လေးနဲ့ အရမ်းကိုချစ်စရာ​ကောင်း​နေ​တော့တာပါပဲ။ လွယ်ထားတဲ့​ကျောပိုးအိတ်နီနီ​လေးမှာ စကိတ်ပုံ ကီးချိန်း​လေးကတရမ်းရမ်းနဲ့။

    "သားငယ်​လေး ​ကျောင်းမှာလိမ်လိမ်မာမာနဲ့စာကြိုးစား​နော်"

"ဟုတ်ကဲ့ ​မေ​မေ"

"​မေ​​မေက အ​ရေးကြီးတဲအလုပ်ကိစ္စရှိ​နေလို့ ​ကျောင်းလိုက်မပို့နိုင်ဘူး အိမ်​တော်ထိန်းကြီး​တို့နဲ့ပဲ သွား​နော်"

"ဟုတ်ကဲ့.... , ​ဖေ​ဖေက ပြန်လာမ​သေးဘူးလား?"

ဝမ်သခင်မကြီး အံ့သြလွန်းလို့ မျက်လုံး​ပြူးပြီး သူ့မသားငယ်​လေးကိုကြည့်မိသည်။ အခု သားငယ်​လေးက စကား​တွေအများကြီး​ပြော​နေတာလား???

"​ဖေ​​ဖေက ​နောက်တရက်နှစ်ရက်​လောက်ဆိုပြန်​ရောက်မယ်​နော်...."

"ဟုတ်.."

​        ရှောင်းကျန့်အ​နေနဲ့ သခင်​လေးအတွက်စိတ်မ​ကောင်းဖြစ်ရသည်။ ဒါသခင်​လေးရဲ့ ပထမဆုံး​ကျောင်းတက်ရက်​လေ။ မိဘ​တွေလိုက်ပို့​ပေးသင့်တာ​ပေါ့။ထားလိုက်ပါ​တော့​လေ, သခင်မကြီးတို့လိုက်မပို့လည်း ဒီ​ကိုကိုက လိုက်ပို့မှာ​ပေါ့။

      ​ရှောင်းကျန့်တို့စီးလာတဲ့ကား​လေးက မူလတန်း​ကျောင်းတခု​ရှေ့မှာထိုးရပ်လိုက်သည်။ကားရပ်သွား​တော့ ​ရှောင်းကျန့် အပြင်ကိုအကဲခတ်လိုက်တယ်။ ​ကျောင်းကြီးကလည်း ခမ်းနားလိုက်တာ။

ဘော်ဒီဂတ်ကြီးက တံခါလာဖွင့်​ပေးရင်း....
" သခင်​လေး​ရောက်ပါပြီ"

     သခင်​လေးက ​ဘော်ဒီဂတ်ကြီးကို ​ခေါင်းငြိမ့်ပြရင်း သူ့ဘက်ကိုတချက်လှည့်ကြည့်တယ်။ တခုခု​ပြောမလို့ပြင်ပြီးကာမှ မ​ပြောပဲကား​ပေါ်ကဆင်းသွားတယ်။ ​သခင်​လေးကို အိမ်​တော်ထိန်းကြီးတ​ယောက်ထဲသာ ​​​ကျောင်းခန်းထဲထိလိုက်ပို့မှာဖြစ်ပြီး သူတို့က အပြင်က​နေပဲ​စောင့်​နေရမှာ။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now