အပိုင်း ၃၇

3.8K 279 6
                                    

Unicode

အိမ်ကို​ရောက်တာနဲ့ ရိ​ပေါ်က ​ရှောင်းကျန့်ရဲ့လက်ကိုအတင်းဆွဲပြီး အခန်းထဲကိုအတင်း​​ပြေးဝင်လာတယ်။ အန်တီရှင်းရဲ့ ဘာဖြစ်လာကြတာလဲဆိုပြီး စိုးရိမ်တကြီးလှမ်း​မေးသံကြား​ပေမယ့် သူတို့ပြန်မ​ဖြေဖြစ်လိုက်ဘူး။

အိမ်ထဲကို ဝရုန်းသုန်းကားဝင်လာတဲ့က​လေးနှစ်​ယောက်​ကြောင့် တခုခုဖြစ်လာသလားလို့​နောက်ကလိုက်လာ​ပေမယ့် တံခါးကိုဝုန်းကနဲ ပိတ်သွားတာ​ကြောင့် ​ရှေ့မှာပဲ တွေ​တွေ​လေးရပ်​နေမိတယ်။

တံခါးကိုတစ်ခါထဲ​လော့ချကာ ​ရှောင်းကျန့်ကိုအိပ်ယာ​ပေါ်ပစ်တင်ပစ်လိုက်တယ်။ အိပ်ယာ​ပေါ်မှာ ပက်လပ်​လေးလဲကျသွားတဲ့​ရှောင်းကျန့်က မျက်လုံးပြူး​လေးနဲ့ကြည့်​နေတယ်။ ရိ​ပေါ်က ​ရှောင်းကျန့်ကိုယ်​ပေါ်ကို ငုံ့မိုးကာ မျက်နှာအစိပ်အပိုင်းတစ်ခုချင်းဆီကို ​မြတ်မြတ်နိုးနိုးနဲ့ငေး​မောကြည့်​နေတယ်။

အဲ့​နောင် ရိ​ပေါ်က သူရဲ့လက်ဖဝါးကြီးကြီးနှစ်ဖက်နဲ့ ​ရှောင်းကျန့်ရဲ့မျက်နှာသွယ်သွယ်​လေးကို အုပ်ကိုင်ကာ နှုတ်ခမ်း​တွေကို အ​လောတကြီးနမ်းရှိုက်လိုက်တယ်။နမ်းတာကိုရပ်လိုက်ပြီး ​ရှောင်းကျန့်ရဲ့ ရှက်ဝဲဝဲ ဖြစ်​နေတဲ့မျက်နှာ​လေးနဲ့ သူ့အနမ်း​တွေ​ကြောင့် စိုစွတ်​နေတဲ့ နှုတ်ခမ်းပါး​လေး​တွေကိုကြည့်ကာသ​ဘောတကျပြုံး​​ပြီးနောက်တစ်ကြိမ်နမ်းရှိုက်လိုက်ပြန်တယ်။ ဒီလိုမျိုးပဲ ရိ​ပေါ်က နားလိုက် တစ်ဖန်ပြန်နမ်းလိုက်နဲ့ ထပ်ခါထပ်ခါပြုလုပ်​နေတယ်။

ရိ​ပေါ်က နှုတ်ခမ်း​တွေကို နမ်းရှိုက်ရုံနဲ့ မလုံ​လောက်နိုင်စွာလည်ပင်းသား​လေးနုနု​လေး​တွေကိုပါ တအိအိနဲ့နမ်းရှိုက်လာပြန်တယ်။ ​ရှောင်းကျန့်ဆီက ညည်းသံ ခပ်တိုးတိုး​လေးထွက်လာတဲ့အခါ မထိန်းချုပ်နိုင်​တော့ပဲ လည်တိုင်တစ်​လျှောက်အမှတ်သား​တွေ​ပေါ်တဲ့အထိ ခပ်နက်နက်​လေးဆွဲယူနမ်းရှိုက်လိုက်တယ်။

လည်တိုင်​ပေါ်က​နေတစ်ဆင့်နားရွက်ဖျား​လေး​တွေဆီတ​ရွေ့​ရွေ့တိုးကာနမ်းပြန်တယ်။နားရွက်ဖျား​လေး​တွေကိုသွား​လေးနဲ့ တတိတိကိုက်ကာငုံခဲလိုက်တဲ့အခါ..
"အင်း.."
​ရှောင်းကျန့်ဆီက ညည်းညူသံသဲ့သဲ့​လေးထွက်လာ​တော့ နမ်းရွက်ဖျား​လေးကိုနမ်း​နေရာက​နေ နှုတ်ခမ်းပါး​တွေ ဆီ​နောက်တစ်ကြိမ်​ခြေချလိုက်​တော့တယ်။ အချိန်အ​တော်အကြာ​​အောင်နမ်းရှိုက်ပြီးတဲ့အခါ တစ်​ယောက်ကိုတစ်​ယောက် ရီ​ဝေ​ ​နေတဲ့မျက်လုံး​တွေနဲ့​ငေးကြည့်​နေကြတယ်။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now